အခန်း၁

2.9K 90 0
                                    

စိတ်ချပါ မေမေ နွေ့ကိုလည်း မဆုံးရှုံး စေရဘူး

ဒါပေမယ့် အဲ့ဒီလူ ဦးခွန်သာရဲ့မျိုးဆက်တွေ နွေတို့ နာကျင်ခံစားရသလိုတော့ ပြန်ခံစားစေချင်တယ်....

-----------------------------------------------------------------------------------------------------------------

အမျိုးသားတစ်ဦး တောင်စောင်းတွင် ရပ်နေချိန် အနောက်က သက်တူရွယ်တူ အမျိုးသားတစ်ဦး မှ တွန်းချလိုက်ရာ ..........

'ဖေဖေ...................'

အားကုန်သုံးကာ ရုန်းကန်ရင်း သူမထမိသည်။

'သမီးနွေ အိမ်မက်ဆိုးတွေမက်ပြန်ပြီလား'

သမီးအခန်းက အော်သံကြောင့်ကဗျာကယာ ပြေးကာ မေးလိုက်မိတယ်

'ဟုတ် မေမေ '

'စိတ်လေးလျော့ထား မေမေ ‌‌ရေသွားခပ်ပေးမယ်'

ညသန်းခေါင်ယံအချိန် အိမ်မက်ဆိုးကြောင့် ထွန်းရတုနွေ ချွေးများစို့ကာ တစ်ကိုယ်လုံးတုန်ယင်ပြီး မျက်လုံးအိမ်မှ မျက်ရည်တို့ ဝဲတက်လာ၏...ထိုအိမ်မက်ကို မမက်ချင်သော်လည်း ထပ်တူညီ သော အကြောင်းအရာတို့က နှလုံးသားထဲထိ သံမှို ရိုက်ထား သကဲ့သို့ပင်....နာကြည်းလွန်း၍ ဖိကိုက်ထားသည့် နှုတ်ခမ်း တို့မှာ သွေးများပင် စို့နေချေပြီ....

'သမီး ဒီမှာရေလေးသောက်လိုက် ......ဘုရား‌‌‌ရေ .တရားရေ.သံဃာရေ'

ဒေါ်သိင်္ဂီနွေမှာ သမီးဖြစ်သူ ၏ ကျောလေးကိုသပ်၍

'အတိတ်တွေကို ထားခဲ့လိုက်ပါတော့သမီးရယ်......နှစ်တွေကြာခဲ့ပြီပဲ အမေတို့လည်း ဘဝတွေကို ခါးစည်း ရုံးကန်ခဲ့ပြီးပြီ ပဲကွယ်...သမီးရဲ့ အာဂါတ တွေ ကိုလျော့စေချင်တယ်..'

'မလျော့နိုင်ဘူး မေမေ...... နွေ မလျော့နိုင်ဘူး ....အဲ့လူကြောင့် အဲ့လူ သတ် ခဲ့လို့ ဖေဖေ သေခဲ့ရတယ်... နွေတို့မိသားစု အထူးသဖြင့် ကိုယ့်ရဲ့အဖေတစ်ယောက်လုံးကို မျက်နှာလေးတောင် မမြင်ဘူးလိုက်ပဲ ဓာတ်ပုံလေးပဲ ကန်တော့နေရတဲ့နွေ့ ဘက်ကို မေမေ စဥ်းစားပေးပါအုံး'

'မေမေ နားလည်တာပေါ့ ရင်ဘတ်ကြီးနဲ့ နားလည်ခဲ့တာပေါ့ .....နွေ့ ကိုယ်ဝန်ချိန်ကြီး ကိုထွန်းမောင်အသတ်ခံရတယ် ကြားတော့ မေမေ

အမုန်းအသင်္ချေWhere stories live. Discover now