အခန်း၇

1K 67 0
                                    

ဘေးကမြန်မြန်လေး ဖယ်ပေးပါလား ရင်ခုန်သံတွေ

ပေါက်ထွက် သွားရင် နွေထွက်ပြေးမိလိမ့်မယ်..

---------------------------------------------------------------------------------------------------------

'တီတောင် ...တီတောင်.....'

နွေခြံဝရောက်နေပြီမို့ ဘဲလ် တီးပြီး တံခါးလာအဖွင့်ကို စောင့်နေမိသည်။ခမ်းနားတဲ့ အိမ်ကြီးအိမ်ကောင်း မှာ သူဌေးမ ချောချောလေး ဘေးအလုပ်လုပ်ရမည်ပဲ မဆိုးပါဘူးလေ ။တစ်ပတ်တစ်ခါ အိမ်ပြန်လို့ရသည်မို့ သိပ်ထူးထူးခြားခြားအများကြီးနွေမယူလာခဲ့ပေ ..အဝတ် ထည့် လက်ဆွဲအိတ် လေးတစ်လုံးသာ ....

အသက်ကြီးကြီး အဒေါ်ကြီးတစ်ယောက် ခြံဝသို့လာနေသည် ဒီအိမ်က အိမ်တော်ထိန်းပင်ဖြစ်လိမ့် မည်..

'သမီးက ဘယ်သူတုန်း ကြီးကြီးနာမည် က ကြီးလှ ပါ'

'ထွန်းရတုနွေပါ ကြီးလှ... မနေ့က သူဌေးဒေါ် နန်းမဏိ က အလုပ်ခန့်တာနဲ့ လာတာပါ'

'အေးကွယ် သမီး မဏိတော့ ပြောထားပါတယ်'

'လာလာ ဝင် '

အတော်ခမ်းနားတဲ့အိမ်ကြီးပင် ..ရုတ်ချည်း မေမေ့ကိုသတိရမိသည်..နွေ အတွေးတွေကို ဖယ်ကာ ဟိုဒီကြည့်မိတော့ လှေကားပေါ်မှ ကြွကြွရွရွလေးဆင်းလာတဲ့ မဏိ .....မြန်မာချည်အင်္ကျီ ဝမ်းဆက် ဝတ်ထားပြန်သည် ..အစိမ်းနုရောင် လေးဆင်မြန်းထားသည် မို့ အမြင်တစ်မျိုးလေးအေးရပြန်သည်...လှရက်လိုက်တာရှင် ဖြစ်နိုင်ရင် ခင်များလေးလက်ထဲ ပတ်ထားတဲ့ နာရီလေးသာဖြစ်ချင်ပါဘိ။

ဘယ်သွားသွားအမြဲ ဂရုတစိုက် နွေ့ကို ကြည့်နေအောင်ပေါ့။

'ထွန်းရတုနွေ မင်းလာပြီလား '

'ဟုတ် နွေ အချိန်တိကျပါတယ်နော်'

'အင်းမဆိုးပါဘူး ကြီးလှ သူ့ကို အောက်ထပ် ကြီးလှ ဘေးခန်းမှာပဲ ထားလိုက် '

'မင်း အိတ်တွေ အခန်းထဲ အရင် သွားထားလိုက်အုံး'

'ပြီးရင် ကိုယ် နဲ့ မနက်စာစားဖို့ ထမင်းစားခန်းထဲလိုက်ခဲ့'

'ဟုတ်'

ခေါင်းလေးငုံ့လျက်ကြီးလှနောက် နွေ ပါသွားလေသည်...ပစ္စည်းတွေ နေရာချ ပြီးနောက် သက်ပြင်းတစ်ချက်ချပြီး...

အမုန်းအသင်္ချေWhere stories live. Discover now