အခန်း၂၄

752 59 2
                                    

မြတ်နိုးတွယ်တာ မိပါရင် ပိုင်ဆိုင်ချင်ပေမယ့် ငေးကြည့်နေရခြင်းဟာလည်း အချစ်လို့ ဆိုနိုင်ပါတယ်.

----------------------------------------------

NEW YEAR မို့ ပတ်ဝန်းကျင်ရှိ ‌ရောင်စုံမီးများနှင့် မြူးတူးနေသော သူများကတော့ အစွမ်းကုန် ပျော်နေကြဟန်တူပါသည်။ ဟော်တယ်ထဲပင်စီစဥ်ထားပေးသော NEW YEAR ပါတီလေးမှာ တကယ်ပင်စီကားလှသည်။ သံစဥ်များနဲ့ ကသူက တချို့က သောက်ကြ စားကြ ရှိနေကြ၏။ နွေ့အဖို့တော့ အဖြစ်အပျက်တွေက တရေးရေး တရစ်ရစ် နဲ့ တိုးလို့ပင် ခံစားနေသယောင် မို့ စိတ်ပြေလက်ပျောက် ဟော်တယ်( ပါတီ) အပြင်ဘက်သို့ ထွက်ခဲ့လိုက်သည်။ ထိုစဥ် ကြက်သားကင် နှင့်အခြားသော အကင်ချောင်းလေးများကို တစ်ခါသုံးခွက်လေးထဲထည့်ကာ နွေ့ဆီ ဦးတည်လာနေသော ဒေါက်တာ ဗညား ----

'နွေ ပါတီမှာ မပျော်လို့လား'

နွေပြုံးပါသည်။ဒါပေမယ့် စိတ်ထဲမပါပဲ လောကဝတ်အရပင် ဆင်မြန်းလိုက်သည်။

'နွေ.....တစ်ယောက်တည်းနေချင်လို့ပါ'

'နွေခံစားနေရတာ ကိုယ်သိပါတယ် နွေကချစ်ရတဲ့သူအတွက် ပူဆွေးပေးနေတာ ရပါတယ်။ ဒါပေမယ့် နွေ့ကိုချစ်နေတဲ့သူတွေက နွေစိတ်မကောင်းတာမြင်ရင် သူတို့ရောစိတ်ကောင်းနိုင်ပါ့မလား ...

နွေ တွေးကြည့်စမ်းပါ နွေ '

နွေ ‌ဒေါက်တာ နှင့်မျက်နှာချင်းဆိုင်မှ မျက်နှာလွှဲလိုက်ကာ လေးလေးမှန်မှန် ခြေလှမ်းများဖြင့် ဆောင်းတွင်းည၏ အအေးဓာတ်ကိုအံတုလျက်

'နွေ စဥ်းစားတာပေါ့ ....လေးလေးနက်နက်လည်းတွေးပေးဖူးပါတယ်...ဒါပေမယ့်နွေသိလိုက်ရတာ သူ မရှိရင် နွေဘဝက လေဟာနယ်ထဲမျော နေသလိုပဲ ဘာမှအဓိပ္ပါယ်မရှိဘူး ....သေချာတာက နွေရှင်သန်ခြင်းရဲ့ မျော်လင့်ချက်က နန်းမဏိဆိုတဲ့ သူဖြစ်နေတာ ကိုဗညား...နွေ့ကိုခွင့်လွတ်ပါ....'

ဒေါက်တာဗညားရဲ့ မျှော်လင့်ချက်ရေးရေးလေးတောင်ကွယ်ပျောက်ခဲ့ရသည်မို့ နွေ့ကိုထပ်မပြောမိအောင်ပဲ အချစ်တွေကိုသိမ်းဆည်းရင်းနေလိုက်သည် ........ နှုတ်ဖျားကတော့.......

အမုန်းအသင်္ချေWhere stories live. Discover now