အခန်း၁၇

758 48 0
                                    

'ဒါဆို ဆေးရုံကုန်ကျစရိတ်ကရော '

'သူ့ရှေ့နေလာတုန်းက ‌ရှေ့နေကြီးက တာဝန်ယူပါတယ် လက်မှတ်ထိုးသွားတယ်'

--------------------------------------------------------------------

နွေ နွေလိုချင်တာဒီပစ္စည်းတွေလို့ထင်သွားတာလား ....အမှန်ဆိုရင်ဒီလိုအချိန်မှာ နွေပျော်နေသင့်တာမလား ... .မ င်းပျော်ရမှာ လေနွေ ..ပျော်လိုက်စမ်းပါ ....ကိုယ့်ရင်ကို ခွဲခံပြီး အမုန်းတရားတွေအတွက် ရူးရူးမိုက်မိုက် လုပ်ခဲ့တာတွေ လေ ... အခုတော့မင်းလုပ်သမျှ သည်းခံခဲ့တဲ့သူက သူ့ စည်းစိမ်တွေထားခဲ့ ပြီး အမုန်းတွေကို ကျေပေးပါတဲ့လား ...အပေးအယူ ဆိုတာ နွေအမုန်းပေးရင်အမုန်းတရားပြန်ရမယ်ထင်ခဲ့တာ ...အခု‌တော့ မေတ္တာဖြင့် ပေးအပ်ခြင်းတဲ့ ...ဒီစာချုပ်ကြောင့် နွေ့အမုန်းတရားကျေပတာမဟုတ်တာ ကို့ကိုပြောပြချင်တယ်..နွေကဟန်ဆောင်မုန်းဖို့ နွေ့နှလုံးသားကို နင်းချေခဲ့ရတာ နွေလည်းအရမ်းပင်ပန်းခဲ့ပါတယ် ...နွေ့အမှားကို တောင်းပန်ရင် အချိန်မှီသေးလား ကို ...

နွေဆေးရုံကို အပြေးလွှားသွားကြည့်လိုက်တယ် နွေတောင်းပန်ဖို့ လာခဲ့တာပါ......ရှိနေပေးပါအုံး.....

'ဆရာမ ဒီကုတင်က လူနာရော '

'ဆရာဝန်ကြီးက အားမရှိသေးလို့နားခိုင်းထားတာတောင် ဘယ်အချိန်ခိုးဆင်းသွားလည်း မသိဘူး အခုပဲ ကျမတို့ တာဝန်ချိန်လာကြည့်မှ မရှိတော့ တာ.'

'ဒါဆို ဆေးရုံကုန်ကျစရိတ်ကရော '

'သူ့ရှေ့နေလာတုန်းက ‌ရှေ့နေကြီးက တာဝန်ယူပါတယ် လက်မှတ်ထိုးသွားတယ်'

'ဒါကြောင့်အဲ့အမ ကိုယ့်သဘောနဲ့ကိုယ်ဆင်းသွားတာ...'

'သူဘယ်ကိုသွားမယ် ကော ကြားမိသေးလဲ'

'မကြားဘူးရှင့်'

'ကျေးဇူးပါကျမကိုခွင့်ပြုပါအုံး'

နွေ အိမ်ကိုများပြန်လေမလား လိုက်ကြည့်ပြီး ကြီးလှ ကိုမေးကြည့်တော့လည်း ပြန်မလာကြောင်း..... သူလည်း မဏိမရှိရင် မနေပါရစေနဲ့ ပြောပြီး ရွာပြန်ခွင့် ပေးဖို့ နွေ့ကိုတောင်းဆိုနေတယ်..

အမုန်းအသင်္ချေWhere stories live. Discover now