အခန်း၁၁

826 46 0
                                    

ဟာ တစ်နှစ်တောင်လား

မဟုတ်ဘူးလေ

ဟင် ဒါဆိုတစ်လ

နိုးနိုးနိုး.....တစ်စက္ကန့်.....ဟီး

---------------------------------------------------------------------------

‌'နွေ ပြန်လာပြီနော် မေမေ'

'အင်း အင်း'

'မေမေ နေကောင်းရဲ့လား မျက်နှာလည်း တစ်မျိူးဖြစ်နေသလိုပဲ'

'ကောင်းပါတယ် '

‌ဒေါ်သိင်္ဂီနွေ မျက်နှာ က တော့သိပ်မရွှင်ပြပေ။မုန့်ဟင်းခါး‌ရည်အိုးကို မွှေနေရင်း ရင်ဘတ်ကို ဖိဖိ နေ ကာ မောနေပုံရပါ၏။နွေလည်း မတတ်သာတော့ ..

'မေမေ သွားနားရင်နား သမီးဆိုင်ဆက်ရောင်းထားလိုက်မယ်'

'နေနေရတယ် အမေ လုပ်နေကျတွေပါ သမီးသာ အလုပ်တွေလုပ်ပြီး အိမ်ခဏပြန်လာတာ သွားနားချည် နေ့လည်ပိုင်း လူရှင်းတယ် အမေကြည့်လိုက်မယ်'

စကားလုံးကို နားနားပြီးပြောနေသောမေမေ့ကို နွေသဘောမကျပေ။

'ဟုတ်ဒီလွယ်အိတ်လေး ထားပြီးရင်နွေ ပြန်ဆင်းလာခဲ့မယ်'

နွေ အိမ်ပေါ်သို့တက်သွားပြီး နွေ့အခန်းလေးထဲဝင်ကာ လွယ်အိတ်ကိုချပြီးနောက် အိမ်နောက်ဖွေးဘက် သွားပြီး ရေသောက်နေတုန်း

ဘုတ်ခနဲ အသံကြားလိုက်ရတယ်...နွေအိမ်‌ရှေ့ဘက်ပြေးထွက် သွားပြီး

'မေမေ့ '

နွေ အပြေးဆင်းကာ ဆိုင်ခုံနားတွင် လဲကျလျက်ရှိနေသောဒေါ်သိင်္ဂီနွေ ကိုထွေးပွေ့ထားတော့၏..

'လုပ်ကြပါအုံး လုပ်ကြပါအုံး မေမေဘာဖြစ်မှန်းမသိလို့'

နွေ့ အသံကြောင့် အိမ် နီးနားချင်းတွေ ရောက်လာကြတယ်

'နွေ ဒါ အရေးကြီးတယ် လူနာတင်ယာဥ်ခေါ် ‌'

'နွေ ဘယ်လိုခေါ်ရမှာလည်း နွေမသိဘူး'

နွေရုတ်တရက်ခေါင်းထဲပေါ်လာတာက မဏိပင်..... ဖုန်းကိုထုတ်ပြီး koဟု မှတ်ထားသော နံပါတ်လေးဆီသို့

'ဟယ်....လို..ကို ကို ကိုလား နွေ ပါ'

အသံက အရမ်းကိုတုန်ယင်နေ တော့ မဏိလည်း စိတ်ပူရပါသည်...

အမုန်းအသင်္ချေWhere stories live. Discover now