အခန်း၁၂

787 42 0
                                    

နွေလေးလဲ မဏိ ကို အား မနာနဲ့ မဏိမှာ မိဘတွေ က ငယ်လေးထဲက မရှိကြတော့တာလေ ဒါကြောင့် အန်တီ့ကို အမေတစ်ယောက်လို သဘောထားလို့ပါ။

-----------------------------------------------------------------------------------------------------------

အတွေးတွေ‌ရော ခန္ဓာတွေပါ လွင့်နေသလို ပါပဲ။ဟိုးအဝေးက အမျိုးသားတစ်ယောက် ကျမကို လှမ်းကြည့်နေတယ် ကျမလည်း သူနဲ့ရင်းနှီးသလိုခံစားရပေမယ့် ဝေဝေဝါးဝါးပဲ ။ကျမလည်းစူးစမ်းချင်တာနဲ့ ထိုအမျိုးသားရှိရာ သွားကြည့်လိုက်တယ် ။

'ကို ကိုထွန်းမောင်မလားဟင် 'ကျမပြောတော့ သူဆွေးလျလျ မျက်ဝန်းတွေနဲ့ ဝမ်းနည်းစွာပဲ ကြည့်နေတယ် ။အဲ့ဒီနောက်မှာ သူကျောခိုင်းလှည့်ထွက်သွားတယ်။ ကျမ သူ့နောက်ကိုပြေးလိုက်တော့ မြစ်ကမ်းစပ်တစ်ခုကို ရောက်သွားတယ် သူကတော့ မြစ်ကမ်းရဲ့တစ်ဖက်မှာ ပေါ့ ....ကျမသူ့နောက်ကိုထပ်လိုက်ဖို့ ရေထဲဆင်းလိုက်တဲ့အခါ‌ရေက သိပ်ကို ပူနေတယ် ..အကြိမ်ကြိမ်ကြိုးစားကြည့်ပြီးနောက်မှာ မဖြစ်နိုင်ဘူးဆိုတာသိလိုက်တယ်ဒါနဲ့ပဲ လက်လျော့ပြန်ခဲ့လိုက်တော့တယ်...............

'အင်း အင်း .......'

'မေမေ သတိရပြီလား'

ကျမ ကြုံခဲ့ရတာတွေက ဘာတွေလဲ ဝေခွဲမရ။ အသံတွေက ကြားနေပေမယ့် မျက်လုံးကမဖွင့်နိုင်သေးသည်မို့ ကြိုးစားပြီး ဖြည်းဖြည်းချင်း ဖွင့်ကြည့်ရပေမည်။ ကျမ မြင်ရပါပြီ သမီး နွေ ကျမ သိပ်ကို ချစ်ရတဲ့ကလေး သူထားသွားပြီးနောက်ပိုင်း ရင်နှင့်အမျှစောင့်ရှောက်ခဲ့ ရသော နွေ ‌လေး ..

'မေမေ စကားမပြောနိုင်ရင်မပြောနဲ့အုံးနော် နှလုံးအားနည်းပြီး မူးလဲသွားတာ ဆိုတော့ အားပြည့်အောင်နားနေနော်'

သမီးက ကျမကို အတန်လေး စိုးရိမ်နေပုံရပါတယ် ..ဘေးနားမှာတော့ ခပ်ချောချော အမျိုးသမီးတစ်ယောက် ကျမသူမ ကိုကြည့်လိုက်မိတော့ ...

'မေမေ ဒါက မမ ဒေါ်နန်းမဏိတဲ့ နွေ အလုပ် သူဌေးပေါ့'

'နွေလေးရယ် အန်တီနေရခက်နေပါအုံးမယ် ...အန်တီ မဏိကို သမီးတစ်ယောက်လို သဘောထားပါနော် ဘာမှလည်းအားမငယ်နဲ့ ပြီးတော့ နှလုံးသွေးကြောကျဥ်းတာ ဖြစ်တဲ့အတွက် သေချာဂရုတစိုက်ကုသပေးရမယ်ပြောပါတယ် ။ အဲ့ဒီအတွက်ကုန်ကျစရိတ်အားလုံးကို လည်း မဏိပဲ အကုန်ကျခံပေးမှာမို့ အန်တီ စိတ်အေးအေးအနားယူပါ နော်'။

အမုန်းအသင်္ချေHikayelerin yaşadığı yer. Şimdi keşfedin