အခန်း၁၀

845 48 3
                                    

ကို သူက ?

ရောဘတ်ဆိုတာ...

ခေါင်းငုံကာ မျက်နှာကို လက်ကလေးနဲ့ကာလိုက်ပြီး နွေမေးတာကို မဏိပြန်ဖြေလိုက်တယ်

ပုံကတော့ ကျပ်မပြည့်ဘူး

-----------------------------------------------------------------------------------------------

နွေ့ရဲ့ သူဌေးမလေးကဆံပင်ရှည်လေးကို တရုတ်မင်းသမီးလေးတွေ စည်းသကဲ့သို့ ဦးရေခွဲကြောင်း၏ ညာ ဘက်နှင့်ဘယ်ဘက် သို့ တစ်ချောင်းစီ ငါးမြှီးကျစ်ပြီး ထိုကျစ်ဆံမြှီး၂ချောင်းကို စုချည်လိုက်တော့ ကျန်ဆံပင်တစ်ဝက်မှာ ခါးလည်လောက်ထိ ကျနေလေ၏..အစိမ်းရင့် ကို အနက်ဖက်သွားသောအရောင် ခါးတင် ရင်ဖုံးလက်ရှည် ကိုလည်း လည်ထောင် လေးဖြင့်ချပ်ချပ်ရပ်ရပ်လေး ဝတ်ဆင်ထားတော့၏...ထမီမှာလည်း ထိုအရောင်ကဲ့သို့ သော ကချင် ဆင်လေးကို ရိုးရာလက်ကိုင်အိပ်လေးဖြင့် ..ဖြူဖွေးသောအသားအရည်ပေါ် ထိုအရောင်များတွဲစပ်လိုက်သောအခါ မဏိမှာ ထင်းထင်းလင်းလင်းဖြင့်လှချင်တိုင်းကိုလှနေပါတော့သည်။

'မဏိရေ ကြီးလှ ဗုဒ္ဓဟူး မွေးနံထောင့်မှာ ရေသပ္ပါယ်လိုက်အုံးမယ်ကွယ်'

'ဟုတ်'

သပြေပန်းအချို့နဲ့ စံပါယ်ကုန်း ကို ကိုင်ပြီး ကြီးလှ ဗုဒ္ဓဟူးမွေး နံထောင့်ကို ထွက်သွားလေတော့

'နွေလေးကော မွေးနံမသွားဘူးလား'

'သွားမယ်လေ ကိုရော'

'သွားမှာပေါ့ ဒါနဲ့ နွေလေး က ဘာနေ့သမီးလဲ'

'စနေ'

'ဒါဆို ကိုယ်နဲ့တူတူပဲ ပေါ့'

'ဟုတ်လား ကို လည်းစနေပေါ့'

'တနင်းလာ'

'ဟာ ကြည့်နွေ့ကို လာနောက်နေတယ်'

နွေ့ရဲ့နွေးထွေးလှတဲ့ မျက်စောင်းလေးအောက်မှာ မဏိ နှလုံးသားပန်းခင်းထဲက အချစ် ပန်းပွင့်လေးတွေက အပြိုင်အဆိုင်ဖူးပွင့်နေတော့တာပေါ့ ..

ဘုရားဝတ်ပြုပြီးကြတော့ မနက်စာ ဝင်စားကြတယ်..ကြီးလှကိုတော့ အိမ်အရင် ပြန်ပို့လိုက်ပြီးနောက် မဏိတို့က company ဆက်သွားလိုက်ကြတယ်..မဏိမွေးနေ့မို့ company ရောက်တာနဲ့ အခြား company တွေက လက်ဆောင် ပစ္စည်း ပန်းခြင်းတို့က ရုံးခန်းထဲ အစီအရီနေရာယူနေကြပြီ..မဏိက အဲ့လောက်ထိ တခြားသူတွေရဲ့ ဂရုပြုခြင်းကိုခံနေရတဲ့ နတ်သမီးလေးတစ်ပါးပင် ...

အမုန်းအသင်္ချေWhere stories live. Discover now