အခန်း ၂၀

730 39 0
                                    

အင်းမ် ကျနော် .အခြေအနေ.................. ဆိုးနေတာ ကျနော်ရိပ်မိပါတယ်........................ ဒါကြောင့်လည်း ရှေ့နေကြီးနဲ့ ..............

တွေ့ဖို့ ..........တောင်းဆိုလိုက်ရတာ..........ဟွတ်....ဟွတ်

----------------------------------------------------------

'အဟွတ် ဟွတ် ဟွတ်......အင်းမ်

ကိုခွန်သာ နေသာရဲ့လား '

ခေါင်းငြိမ့်ပေမယ် ပိန်ကျသွားတဲ့ ခန္ဓာနဲ့ မျက်တွင်းတွေ ဖြူဖက်ဖြူရော် မျက်နှာတွေကို ကြည့်ကာ ‌‌ရှေ့နေကြီး ဦး စိုင်းခမ်းဝေမှ သူ့အမှုသည်ဟောင်း ကိုထောင်ဝင်စာလာမေးရင်း မေးလိုက်ခြင်းဖြစ်သည်။

'ကျနော်ရပါတယ်'

'အင်း ခင်ဗျား စုံစမ်းပေးပါ သိချင်တယ်ဆိုလို့သာ ကျနော်ကပြောပြရမှာ ကျနော် မပြောပြချင်တာအမှန်ပဲ'

'ရပါတယ် ကျနော်ခံနိုင်ရည်ရှိပါတယ် ဟင်း...ဟင်း....'

ရင်ဘတ်ကိုဖိကာအားယူပြောနေရတဲ့ သူ့အခြေအနေက အဆုတ်တစ်ခုခုကို ထိခိုက်နေပုံပါ။

'အေးဗျာ စိတ်မကောင်းစရာက ခင်ဗျား အမှုဖြစ်တဲ့နေ့မှာ ခင်ဗျား မိန်းမ မလိုက်လာနိုင်တာ သူသတင်းကြားကြားခြင်း မေ့လဲသွားတာ ဖြစ်ဖြစ်ခြင်း ရပ်ကွက်က ကူညီကြပေမယ့် ...ဆေးခန်းရောက်တော့ သူအသက်ပါမလာတော့ဘူး'

'ဗျာ ဒါဆို သူ ဆုံးတာ ကြာပြီပေါ့'

'အင်း ဆိုပါတော့'

'သမီး သမီးလေးရော ရှေ့နေကြီး '

'ရပ်ကွက်က မပြည့်စုံကြတဲ့ကြားထဲက ခင်များ မိန်းမနာရေးထိ အားလုံး ကူညီခဲ့ကြပါသေးတယ်ဗျာ...ကလေးကိုတော့ မိဘမဲ့‌ဂေဟာ ပို့လိုက်ကြပြီတဲ့'

'ဟာ ကျနော် ....

ပြိုကွဲခဲ့ရတဲ့မိသားစုအတွက် ကိုခွန်သာဖြေမဆည်နိုင်ခဲ့ဘူး ...အရာအားလုံးက မိမိကြောင့် ဟုဆိုတော့ အတွေးက နှိပ်စက်လေပြီ...ယောက်ကျားသားနှစ်ယောက်ပြောတဲ့ စကားတွေပေမယ့် နှစ်ဦးလုံးရဲ့မျက်နှာမှာ ကြေကွဲမှုတွေ စိတ်မကောင်းမှုတွေနဲ့ ကိုခွန်သာကတော့ မျက်ရည် ကျနှင့်နေပြီ။

ရှေ့နေကြီးက ကျနော်ရဲ့ကျေးဇူးရှင်ပါဗျာ ....အဟွတ် ဟွတ်

'ကိုခွန်သာ သတိထားပါ ကိုခွန်သာ'

အမုန်းအသင်္ချေWhere stories live. Discover now