အခန်း ၁၉

748 44 0
                                    

ဟုတ် ကိုဗညား နွေ့ဆီဖုန်းဆက်တယ်ဆို မေမေပြောလို့

အင်း ဘာရယ်မဟုတ် နွေ့ကို သတိရလို့ပါ

---------------------------------------------

' နွေ ညီမလေး နှစ်ချုပ်စာရင်း စစ်မယ်ဆိုလို့ မမူယာယူလာပေးခဲ့တယ်'

'ဟုတ် မမူယာ ထားခဲ့လိုက်ပါ နွေ ဒီဟာလေးလက်စသတ်ပြီးရင် ကြည့်လိုက်ပါမယ် ဝန်ထမ်းတွေလစာပေးဖို့ တိုးပေးသင့်တဲ့သူတွေကိုလည်းတိုးပေးဖို့ စီစစ်နေတာလေ'

'အင်း နွေရယ် မမနန်းမဏိ မရှိထဲက နွေ တစ်ယောက်တည်းဒီ ကုမ္ပဏီကို ပဲ့ကိုင် စောင့်ရှောက်လာတာ ပင်ပန်းနေပြီလား'

လုပ်လက်စ အလုပ်ကို ရပ်လိုက်ကာ တွေတွေလေး နွေငေးနေမိပါတယ်။ပြီးမှ မမူယာကို ကြည့်မိတယ်။နွေ့ရဲ့ အကြည့်တွေမှာ အဓိပ္ပါယ်တွေ အပြည့်ရယ်ပါ။

'နွေ.......ကြိုးစားနိုင်သလောက် ကျေးဇူးဆပ်နေတာပါ မမူယာ'

'နွေ သိပ်ပင်ပန်းနေမှာ စိုးလို့ပါ'

'ရပါတယ်'

'အခုဆိုလည်း မမမဏိ ရှိတုန်းကလိုပဲ အရှိန်အဟုတ်မပြတ် တိုးတက်နေတာ နွေ ကြိုးစားမှုကြောင့်ဆိုတာ ငြင်းမရဘူးလေ ဒါကြောင့် မမူယာ က ပြောပြတာပါ'

နွေနှုတ်ခမ်းလေး တွန့်သွားရုံသာပြုံးလိုက်တယ် ...တကယ်တော့ အလုပ်တစ်ခုကို ဦးဆောင်လုပ်တဲ့အခါမှသာ အလုပ်တာဝန်တွေက ဘယ်လောက် တာဝန်ယူရတယ် ခက်ခဲတယ်ဆိုတာ နွေသိခဲ့ရတာ ...ကို မရှိ တဲ့ အစပိုင်း ပထမတစ်နှစ်ဆို နွေကျောင်းတောင် တစ်နှစ်အောက်ကာ နားလည်အောင်လေ့ကျင့်ယူခဲ့ရတယ်..အခုတော့လည်း ဒူပေတာပေ ကျနေပါပြီ ..လုပ်ငန်းတူ တွန်းထိုးတာတွေ .မနာလိုတာတွေ ..စုံလို့ပေါ့လေ..

'ဒါနဲ့ NEW YEAR တောင် ရောက်တော့မယ် ဒီနှစ်တော့ chiristmax ကစလို့ နှစ်ကူးပြီး ၂ရက်ထိ ရုံးပိတ်ပေးဖို့ နွေစဥ်းစားထားတယ်'

'တကယ်လားနွေ ပိတ်ရက်လေးတွေရတော့ ဝန်ထမ်းတွေပျော်နေကြတော့မှာပဲ'

'အဲ့တာ မမူယာပဲ ဝန်ထမ်းတွေအားလုံး သိအောင် ဆောင်ရွက်ပေးပါနော်'

'ရတယ်နွေ မမူယာ လုပ်လိုက်မယ် .....'

'ကျေးဇူးပါ '

အမုန်းအသင်္ချေDonde viven las historias. Descúbrelo ahora