အခန်း ၁၄

711 41 0
                                    

'ရှင့်အဖေ နာမည်က ဦးခွန်သာမလား'

‌'နွေလေး ကိုယ့်ကို ဘယ်လိုလေသံနဲ့မေးလိုက်တာလဲ '

-----------------------------------------------------------------------------------------------

'မူယာ မျက်နှာလည်းမကောင်းပါလား ဘာများဖြစ်လို့လဲ'

'မမ ကိုပြောရင်ကောင်းမလား စဥ်းစားနေတာပါ မူယာပြောလည်း မမ စိတ်ဆင်းရဲမှာ စိုးတယ်'

'ဘာလဲပြောပါ တို့တွေက အတူတူတွေပဲ '

'ဒါ ဆို ဒီသတင်းလေးဖတ်ကြည့်ပါ မမ'

မူယာ ညိုးငယ်နေတာ မဏိသတိထားမိပေမယ့် ဘာအကြောင်းအရာတော့မသိ လက်ထဲ ထိုးပေးတဲ့ လက်ကိုင်ဖုန်းလေးကို ကြည့်မိမှ

Pouk p news ဆိုတဲ့ pageက တင်ထားတဲ့အကြောင်းအရာကြောင့်မဏိ တုန်လှုပ်ခဲ့ရသည် ဆိုလျှင်---

'ဟင် မိန်းကလေးချင်း ကြိုက်နေတဲ့ ကုမ္ပဏီပိုင်ရှင် မမ ကြီးနှင့် သူ၏ ချစ်သူမလေး'

ထိုခေါင်းစဥ် ကို အရင်းတည်ကာ မဏိနှင့် နွေတို့ နှစ်ဦးသား လွန်ခဲ့တဲ့ ၃လ က တောင်ဒဂုံဆိုဒ်သွားကြည့်တဲ့နေ့က ကားပေါ်မှာနမ်းကြတဲ့ပုံကို ထင်ထင်ရှားရှား တင်ထားလေသည်။

'ဘုရားဘုရား ဘာတွေဆက်ရေးထားတာလဲ '

ဖတ်ကြည့်မှ မိမိ ကမွေးစားသမီး ဖြစ်ပြီး မွေးစားမိဘ ဂုဏ်သိက္ခာ ကိုမငဲ့ပဲ မိန်းကလေးချင်းကြိုက်နှစ်သက်သူဖြစ်ကြောင်းကို အပြစ်တင်ဝေဖန်ကာ ရေးထားခြင်းဖြစ်ကြောင်း အကြောင်းဆုံသိရလေသည်။

'ကျေးဇူးတင်ပါတယ်မူယာ မမ ဘာဆက်လုပ်ရမလဲသိသွားတာပေါ့'

မူယာ့ကိုဖုန်းပြန်ပေးပြီး အလုပ်ခန်းပြန်သွားခိုင်းလိုက်ကာ မဏိစဥ်းစားတော့၏..

ထိုသို့ ဖြစ်လာရတဲ့အကြောင်းအကျိုးက ရောဘတ်ရဲ့စနက်ကြောင့်ဖြစ်မည်ကိုလည်းရိပ်မိ၏။ယခု အတောအတွင်း ရောဘတ် သူငယ်ချင်း ကုမ္ပဏိ နှင့် မဏိ ယှဥ်ကာ ပရောဂျက်တစ်ခုကို အပြိုင်လိုက်နေသောကြောင့်ပင်.. မဏိ ဂုဏ်သိက္ခာ ကျဆင်းရေး က သူတို့target point ဖြစ်ခဲ့ပြီ...။ သို့သော် သက်သေမပြနိုင်။ အားလုံးကို အမှန်တိုင်းရဲရဲဝံ့ဝံ့ချပြကာ ပြောပြရမည်။ media တွေ သတင်းထောက်တွေ ခေါ်ပြီး နွေလေးနဲ့ မဏိနဲ့ အကြောင်းကို အတိအလင်းကြေငြာမည်။

အမုန်းအသင်္ချေWhere stories live. Discover now