အခန်း၅

1K 65 2
                                    

နွေ ဆိုပင်မယ့်အခုထိ တော့ ကိုယ့်အတွက် ပူလောင်ခြင်းမရှိသေးဘူး

ကိုယ့်ရဲ့အပြုံးတွေ ကတော့ နွေ ဆိုတဲ့ ရာသီထဲ ဖူးပွင့် နေကြပြီ...

---------------------------------------------------------------------------

'CV ထဲက ဖော်ပြထားတဲ့အတိုင်းဆိုရင် တော့မဆိုးပါဘူး ဒါပေမယ့်'

လူပုံစံက အူကြောင်ကြောင် မျက်မှန်တပ်ထားတော့ ပုလင်းဖင်အလား အသားကလည်း မည်းတာမှ မှောင်နေရော နာမည်က ဖြူဖွေး တဲ့

မဏိ ကိုကြည့်နေလိုက်တာလည်း မိန်းမ မမြင်ဖူးတဲ့ ဒေသကပဲလာသလိုလို ..သူ့သွားကြီးဖြဲဖြဲပြပြီးရီလိုက်ရင် ကွမ်းချေး အထပ်လိုက်နဲ့ တော်တော်ကို စိတ်ပျက်ဖို့ကောင်းနေပါပြီ

မဏိလည်း မောင်ရင်ထွေး မရှိတော့တာမို့ အဆင်ပြေနိုင်မယ့်သူရှာရင်းအင်တာဗျူးနေတာ အခုထိ မတွေနိုင်သေး..

'ဒါပေမယ့် ဘာဖြစ်လို့လဲ ဗျ ကျွန်တော် က ရန်ကုန်လမ်းတင်မကဘူး နတ်ပြည်ထိပါမောင်းတတ်တယ်'

'ဗုဒ္ဓေါ .....'

ဒီလူကိုယ်ပြောတဲ့စကားဘယ်ရောက်လို့ဘယ်ပေါက်မှန်းမသိ သူ့ခန့်ရင်ကိုယ် ပါ နတ်ပြည်ရောက်နေမှဖြင့်...

မဏိ ဖိုင်လေးကိုရုတ်တရက်ပိတ်ချလိုက်ပြီး

'ရရ ရပါပြီ'

'အချက်အလက်လည်း ပြည့်စုံပါတယ် အလုပ်ခန့်ဖြစ်ရင် ကျွန်မ ရဲ့ ဝန်ထမ်းတွေက တစ်ဆင့်ဆက်သွယ်လိုက်ပါမယ်'

'မေးပါအုံး ဖြေချင်သေးလို့ ဟီး...ဟီး.....'

'မူယာရေ သူ့ကို အပြင် ခေါ်သွားလိုက်ပါကွယ်'

'ဟုတ်မမလေး'

'ဟူး ငါ့နဲ့နော် တစ်နေကုန် လူရှာနေတာတောင် တစ်ယောက်မှအဆင်မပြေသေးဘူး'

ခေါ့င်းနောက်လာသဖြင့် လက်မ နဲ့လက်ခလယ်လေးက နားထင်နှစ်ဖက်ကို ဖိကိုင်ထားရင်း မဏိ ရေရွတ်နေမိသည်။

'မမ အဆင်ပြေရဲ့လား တစ်နေကုန် ဆိုတော့ ခေါင်းကိုက်နေတယ်ထင်တယ် '

'ဟုတ်တယ်မူယာ မူယာမြင်တဲ့အတိုင်းပဲလေ ..အပြင်မှာရောဘယ်နှယောက်ကျန်သေးလဲ'

အမုန်းအသင်္ချေWhere stories live. Discover now