အခန်း၂၃

815 45 1
                                    

ကဲနွေ အမြင်မှားတာနေမှာပါ ...စိတ်ကျေနပ်တော့နော်

ကိုယ်တို့ပြန်ကြရအောင်ပါ

----------------------

'ကလေးတွေနဲ့ဒီလို ဘုရားဖူးရတာ တစ်မျိုးလေးစိတ်ထဲ ဖြစ်မိတယ်။ပီတိလို့ပြောရင်ပိုမှန်မယ်ထင်တယ် ။မြမိုးကောဘယ်လိုခံစားမိလဲ'

'မြမိုးကတော့ သူတို့လေးတွေကိုပဲ သနားမိတယ် ။ဒီအရွယ်က မိဘနဲ့ရှိနေသင့်တာလေ'

'လူတွေက အမျိုးမျိုးပေါ့ လောကဓံ ဆိုတာလည်းအမျိုးမျိုး ..တချို့က အသိဉာဏ်နည်းလို့ မတားဆီးနိုင်ဖြစ်ပြီး ကလေးတွေမွေးဖြစ်ကြတဲ့သူမျိုးတွေလည်း ရှိတယ် မစောင့်ရှောက်နိုင်တော့ စွန့်ပစ်ကြတယ်...တချို့ကျတော့ မိဘနှစ်ပါးလုံး ဆုံးရှုံး ကြရလို့ အကြောင်းအရာတွေစုံလို့ပေါ့ ...မိဘ ရယ်လို့ဖြစ်လာရင် မိဘစိတ် မေတ္တာစိတ် ထားနိုင်မယ် ကြမယ်ဆိုရင် ဒီလိုကိစ္စတွေ နည်းပါးသွားပြီး ကလေးတွေလည်း မိဘနဲ့အတူ ကြီးပြင်းနိုင်မှာပါ'

'ဒါနဲ့ မြမိုးတစ်ခုစဥ်းစားမိတာက တချို့ မွေးထားတဲ့မိဘတိုင်းလည်း မကောင်းကြဘူး ...မွေးကင်းစလေးတွေကို တောင်းရမ်းဖို့အဌား ပေးတယ် ကြားဖူးတယ် ...တချို့က တောင်းရမ်းခိုင်းတယ် တစ်ရက်ဘယ်လောက် မရရင် ရိုက်တယ် နှိပ်စက်တယ် ...နောက်တော့ အဲ့လို ပတ်ဝန်းကျင်က ကြီးပြင်းလာပြီး ၉ နှစ် ၁၀နှစ်လောက်လဲကြရော ပိုက်ဆံ လိုက်တောင်းပြီး ဆေးချတာတွေ မကောင်းတာတွေ အကုန်လုပ်တတ်နေပြီ ...ဒါတွေက တိုင်းပြည် ခွန်အားတွေကျဆင်းစေတယ်မထင်ဘူးလား မမနန်း'

'မှန်တာပေါ့ မြမိုးရယ် အဓိက ကတော့ ပညာ ..အတန်းပညာထက် ဝေဖန်ပိုင်းခြားနိုင်ခြင်းနဲ့ အကျိုးဆက်ကို ခန့်မှန်းတတ်တဲ့ ပညာတွေ နည်းပါးကြတယ် ဒါတွေကို တတ်သိနားလည်အောင် မကူညီခြင်းဖြင့် ကူညီရမယ် မြမိုးရဲ့'

မဏိရဲ့ စကားကို ထူးဆန်းမင်သက်စွာဖြင့် မြမိုး မေးလိုက်တာက

မကူညီခြင်းဖြင့်ကူညီတာ......? မမနန်းစကားက အဆန်းပဲ မြမိုးပဲလိုက်မမှီတာလား

'ဒီလိုလေ မြမိုး ခြေကောင်းလက်ကောင်းရှိပါရဲ့ တစ်ဝမ်းတစ်ခါး အတွက် အလုပ်မလုပ်ချင်တာ လောကကြီးကိုပါ စော်ကားတယ်လို့ မမ မြင်တယ်...... တိရစ္ဆာန်တောင် သူ့ဝမ်းအတွက် သူရှာစားရတယ်လေ ... အခုဆို ကိုယ်လက်အင်္ဂါ မသန်ပေမယ့် အားကစားလုပ်ပြီး နိုင်ငံတော်အတွက် ဂုဏ်ဆောင်နေကြတဲ့သူတွေ အများကြီးရှိတယ် သူတို့မပြည့်စုံတာတောင် ကိုယ့်ဘဝကို အရှုံးမပေးကြဘူးဆိုရင် ,ခြေကောင်းလက်ကောင်းတွေနဲ့သူတွေ အတွက် တောင်းရမ်းစားသောက်တာ တကယ်တော့ရှက်စရာမကောင်းဘူးလား ....လူဆိုတာလွယ်တဲ့နေရာမှာ ပျော်တယ် လွယ်လွယ်ရတဲ့ ပိုက်ဆံပေါ်မှာသာယာတယ် အဲ့လိုလူတွေများလာတော့ နိုင်ငံကြီးက လုပ်အားတွေဆုံးရှုံးလာပြီး အကျီးတန်လာတယ်မဟုတ်လား.... သူတို့ကို မပေးဘူးဆိုရင် ဒီကနေ ပိုက်ဆံမရရင် ရတဲ့ ကိုယ်အားကိုယ်ကိုးရတဲ့ အလုပ်တွေလုပ်ကြမှာပဲ ...အမှန်က ပိုက်ဆံပေးရမှာမဟုတ်ဘူး အသိဥာဏ်......... အလုပ်မလုပ်ရင် မစားရဘူးဆိုတဲ့ စိတ်ကိုပေးရမှာ .....'

အမုန်းအသင်္ချေWhere stories live. Discover now