အခန်း ၂

1.2K 68 0
                                    

မမလေး အစည်းဝေး နောက်ကျ နေမယ်

ရပါတယ် ကျမတို့ကားကြောင့်ဆိုတော့ မဏိမှာ တာဝန်ရှိပါတယ်

------------------------------------------------------------------------------------------

'မဏိ ရေ ......အပြင်မှာ မိုးတွေတောင် ညို့မည်းပြီးသည်း နေပြီကွယ် မိုးစဲအောင်ခဏစောင့်လိုက်ပါလား'

'ဟုတ် ကြီးလှ မဏိ အစည်းဝေးရှိတယ် ဒါပေမယ့် ခဏတော့စောင့်ကြည့်လိုက်မယ်'

'ဒါဆိုကြီးလှ မောင်ရင်ထွေးကို မဏိ ခဏနေမှသွားမယ့်အကြောင်း သွားပြောလိုက်အုံးမယ်'

'ဟုတ် ကြီးလှ'

မိုးအေးအေးလေးနှင့် မနက်စာ ကော်ဖီခွက်ပူပူလေး သောက်ရသည့် အရသာကို မဏိနှစ်သက်သည်။အကြောင်းမှာအေးစက်စက် ခံစားချက်ကိုမဏိမကြိုက် နွေးထွေးခြင်းကိုသာတောင့်တသည်။သို့သော် ကျေးဇူးရှင် ဖေဖေ ဦးစပ်နောင်ငြိမ်း နဲ့ မေမေ ဒေါ်သီတာဦး တို့ရှေ့ဆင့်နောက်ဆင့်ကွယ်လွန်ပြီးချိန်မှစ၍ မဏိ တစ်ကောင်ကြွက်ဘဝ သို့ ရောက်ရှိခဲ့ပေပြီ။အတွေးနယ်ကျွံရင်း ရင်ထဲမွန်းကျပ်လာသည်...... ဝဲတက်လာသော အားငယ်ခြင်း လေးတွေ တခြားသူတွေ မမြင်ခင် ကပျာကယာ တစ်ရှုးလေးဖြင့် သုတ်ကာ ကိတ်မုန့်လေး တစ်ချပ်ကို ယူပြီး စားနေရင်း

'မိုးစဲပြီ မဏိရေ ....မောင်ရင်ထွေးလည်း အဆင်သင့်ပဲ'

'ဟုတ် ကြီးလှ '

မဏိ ....ဖိုင်,စာရွက်စာတတမ်းနဲ့ဖုန်းတို့ စားပွဲမှ တစ်ခု မကျန်ခဲ့စေရန် စစ်ပြီး company သို့ထွက်ခဲ့လေပြီ....

'အော် ဒီခလေး မနက်စာတောင်ကောင်းကောင်းမစားသွားဘူး'

ကော်ဖီခွက် အောက်ခံပြား ပန်းကန်ပေါ်မှ စားလက်စ ကိတ်မုန့်အပိုင်းလေးနှင့် တစ်ဝက် နီးပါး ကျန်သေးသော ကော်ဖီကို ကြည့်ကာ

ကြီးလှ ‌‌ရေရွတ် ခြင်းဖြစ်ပါသည်။

နန်းမဏိ သည် ရှမ်း တိုင်းရင်းသူတစ်ဦးဖြစ်သည့်အားလျော်စွာ ဘာသာတရားနှင့် လူကြီးသူမကို ရိုသေကိုင်းရှိုင်းသည်...မိမိ လက်အောက်ငယ်သားအပေါ်နှိမ်ချဆက်ဆံခြင်း အလျဥ်းမရှိ......စိတ်ထားဖြူစင်သကဲ့သို့ မျက်နှာလေးမှာလည်း အေးမြသောအပြုံးပိုင်ရှင်လေးပင် ...သူမနှင့် ထိတွေ့ပြောဆိုရသူတို့အဖို့ အင်မတန်မှ အေးမြခြင်းကို ဆောင်ကျဥ်းပေးနိုင်လေသည်။

အမုန်းအသင်္ချေWhere stories live. Discover now