အပိုင်း၂၆

913 62 0
                                    

စူးရှရှ နွေ့အသံ သူမ ဘယ်လောက်ထိ ခံစားနေရမလဲ .......ထူပူလာသောစိတ်နဲ့ မဏိ မတတ်နိုင်တော့ပေ ရင်ဆိုင်ရုံမှတစ်ပါးအခြားမရှိပါလေ ...

--------------------------------------------------------------

'ရှူး' အသံမထွက်စေရန်မြမိုးကို နှုတ်ခမ်းပေါ်လက်တင်၍အချက်ပြလိုက်သည်..ဂိုထောင်က အတော်ပင်ဟောင်းနွမ်းလျက်ရှိကာ သွပ်ချက်များလန်ကျ ပေါက်ပြဲကာ ထုတ်တန်းများမှာလည်း ခိုင်ခန့်မှုမရှိတော့ တာ သိသာနေ၏။ ထောင့်အကွယ်အကာယူ၍ အတွင်းပိုင်းထိ ကြည့်လိုက်တော့ အခန်းတစ်ခုအရှေ့ အစောင့်ယောကျားသားနှစ်ယောက် တုတ် တစ်ယောက်တစ်ချာင်းကိုင်ကာ ကင်းလှည့် နေပေသည် တစ်ယောက်က အရပ်တော်တော်ရှည်သည် အတော်တန်လည်း ဗလ ရှိသည် ကျန်တစ်ဦးမှာ လည်း ၄င်းကဲ့သို့ပင် ဒီလောက်စောင့်ကျတ်ထားလျှင်တော့..ဒါနွေ့ကို ချုပ်ထားကြတဲ့အခန်းပင်ဖြစ်လိမ့်မည်..

'လွှတ်      ကျမကိုလွှတ်ပေး

ဘာလိုချင်တာလဲ ပြော ....'

'နိုး....နိုး....နိုး....ငါလိုချင်တာမင်းပဲ နွေ ဟားဟားဟား'

စူးရဲတဲ့အကြည့်နဲ့အတူ ထွေးမိတဲ့ သတွေးတွေထိုသူအပေါ် ကျ‌ရောက်သွားခဲ့သည်...

ပေလာတဲ့ စိုစိစိ တွေကို စမ်းကြည့်တော့ မဲ့ပြုံးတစ်ပွင့်က ထင်ရှားစွာပေါ်လာပေပြီ...

နွေ့ဆံပင်ကို ဆွဲ‌ဆောင့်လိုက်ကာ

'အား ....'

စူးရှရှ နွေ့အသံ သူမ ဘယ်လောက်ထိ ခံစားနေရမလဲ .......ထူပူလာသောစိတ်နဲ့ မဏိ မတတ်နိုင်တော့ပေ ရင်ဆိုင်ရုံမှတစ်ပါးအခြားမရှိပါလေ ...

မဏိသွားမည်ဆိုကာ မြမိုးကို ကြည့်ပြီး အချက်ပြစဥ် နံရံ၌ထောင်ထားတဲ့ ထီးရိုးဟောင်းတစ်ခု မဏိလက်နဲ့တိုက်မိကာ ကြမ်းပြင်ပေါ်ကျလေသည်..

'ချပ် '

အသံကြားသည်နှင့်တစ်ပြိုင်နက် အစောင့်ငနဲနှစ်‌ယောက်ရဲ့ မျက်လုံးတို့က မဏိကိုပါသတိထားမိသွားချေပြီ ..သူတို့ပြေးလာက မဏိကို စတင်တိုက်ခိုက်ကြသည်... အရပ်ရှည်ရှည် တစ်ယောက်က မဏိအပေါ်ကနေ တုတ်ဖြင့် လွှဲရိုက် သည်..မဏိ ရိုက်တဲ့လက်ကိုပြေးကာပြီးအနီးကပ်နံကို ဒူးဖြင့် ၂ ချက်လောက်ဆင့်တိုက်တော့ အီစလန်ဝေကာတုတ်လွတ်ကျသွားလေသည်.. . ရုတ်တရက် နံဘေးမှခုန်ကန်လာသော ကန်ချက်ကို မဏိမရှောင်နိုင်လိုက်ပေ..

အမုန်းအသင်္ချေWhere stories live. Discover now