အခန်း၁၃

741 43 0
                                    

နွေလွမ်းလိုက်ရတာ ကွာ သိပ်ပြီးသတိရတာပဲ ...ကိုဆိုတဲ့နွေ့ရဲ့ မိန်းကလေးနဲ့ မတွေ့ရတဲ့ရက်တွေမှာ နွေ့အတွက် တကယ့်နွေရာသီပဲ ပူလောင်နေတာ သိရဲ့လား

------------------------------------------------------------------------------------

'မူယာ မမ လချုပ်စာရင်းလေး စစ်ထားခိုင်းတာရပြီလား'

'ဟုတ် မမ ဒီမှာ ရပါပြီ..ပြီးတော့ နေ့လည်၂ နာရီ ဆောက်လက်စ ဆိုက်ထဲကို သွားမယ်ဆို တာ'

'ဟုတ်ပါ့ မူယာရေ မူယာသိတိပေးပေ လို့ပေါ့ လုံးဝကိုမေ့နေတာ....CLIENTက သေချာ အပ်ထားတာ အုတ်သားတွေ ကောင်းဖို့ တိုက်ရဲ့ ကွာလတီကောင်းဖို့ ကြည့်ပေးရမယ်..'

'မမ လည်းပင်ပန်းလိုက်တာနော် ရုံးမှာလည်းစစ်ရဆေးရ အပြင်လည်း ဆိုက်ထဲကိုယ်တိုင်ဆင်းရ'

'ကိုယ်တိုင်လုပ်တော့ စေ့စပ်တာပေါ့မူယာရယ်'

'ကဲပါ သွားရမယ့်အချိန် သာ မမ ကို ကြိုသတိပေးထား '

''ခဏ ခဏ ဖုန်းဆက်တယ် အပိုတွေ မထင်နဲ့ကွယ် မကြိုဆိုမှန်းတို့သိခဲ့ ဘယ်လိုထိန်းမယ်ကြားချင်မင်းအသံလေးရယ် မင်းရှိမယ့်နေရာတွေတိုင်းရောက်ရောက်နေတတ်တယ် ဘာကြောင့်လည်းမင်းမတွေးနဲ့ အချိန်တိုင်းနေရာတိုင်း ငါ မင်းအနားရှိချင်တယ်''

မဏိဖုန်းလေးမှ ring မြည်လာတော့

'မမ ဖုန်းလာနေတယ် မူယာလည်း အလုပ်သွားလုပ်လိုက်ပါအုံးမယ်'

မဏိ ခေါင်းငြိမ့်ပြကာ ring မြည်သောဖုန်းလေးပေါ် လှမ်းကြည့်ချိန်ဝယ် -ကယ်ပါးကောင်လေး-ဟုတွေ့သဖြင့် ပြုံးလိုက်မိပါ၏

'ဟယ်လို ကို'

'ပြောပါရှင်'

'မေမေ ခဏနေ ဆေးရုံဆင်းလို့ရပြီတဲ့ တာဝန်ကျ ဆရာကြီးပြောသွားတယ် ..'

'ဟုတ်လား ဝမ်းသာပါတယ် အန်တီ့ကိုဂရုစိုက်လိုက်အုံးနော်'

'အင်းပါ မေမေက သက်သာနေပါပြီ ဆေးရုံမှာလည်း ၄ရက်လောက်ဆိုတော့ ကောင်းကောင်းလည်း အနား ယူခဲ့ပါတယ်...အဲ့တာ အိမ်ရောက်ရင် ကို့ဆီ ထွက်ခဲ့မလို့တောင်စဥ်းစားနေတာ...ချစ်သူလေးကို လွမ်းနေတာသိရဲ့လား ဖုန်းအချိန်ပြည့်ဆက်ရင် အလုပ်ရှုပ်နေမှာစိုးလို့ တစ်ရက်ကို ၂ခါပဲ ဆက် ရတယ် ....ဟွန့် သူများကပဲ ဆက်ရတယ်။သူ ဖြင့်ဆက်မယ် မရှိဘူး..'

အမုန်းအသင်္ချေWhere stories live. Discover now