အခန်း၂၂

743 47 0
                                    

ဒီလိုနဲ့‌‌ဒေါ်သိင်္ဂီနွေ ၊ထွန်းရတုနွေ၊သံသာနဲ့ သူဇာ တို့နဲ့အတူ ဒေါက်တာ ဗညားလည်း ခရီးစဥ်မှာပါဝင်လာခဲ့တယ်...ဟဲဟိုး အထိ ရန်ကုန်ကနေ စတင်ပြီးလေယာဥ်နဲ့ထွက်ခွာခဲ့ကြတယ်...ဟဲဟိုးလေဆိပ်ရောက်တော့ သစ္စာက ဆိုင်းဘုတ်လေးထောင်ကာ ကြိုနင့်နေပြီ.... ခေါင်းလေးငုံကာနှုတ်ဆက်ပြီး ‌ဒေါက်တာ ဗညား ကို စကားပြောလိုက်တယ်...

'ဒေါက်တာ သစ္စာ ဒီမှာပါ'

'လာနွေ သွားရအောင်'

နွေလည်း မေမေ့အိပ်ကိုပါဆွဲပေးပြီး တိုးလုပ်ပေးမယ့် ကောင်မလေးဆီသွားလိုက်တယ်...

'နွေ သူက ခင်သစ္စာထင်တဲ့ နွေတို့ခရီးစဥ်မှာ သူပဲ အစဆုံး စီစဥ်ပေးမှာ'

'အော် ခင်သစ္စာထင်တဲ့လား'

'တို့ကနွေ ပါ'

'ဟုတ် မမနွေ သစ္စာ လို့ခေါ်လို့ရပါတယ်'

'အင်း ဒါက နွေ့မေမေ ဒေါ် သိင်္ဂီနွေတဲ့ ...ဒါက သံသာ သူက သူဇာ'

'ဟုတ် အန်တီ ..အန်တီ က အခုထိချောတုန်းနော် '

'ဒီက မမတွေကလည်း မိမိုက်နေတာပဲ'

'အမလေး သစ္စာလေးရယ် အန်တီတို့တွေ ကိုဆွဲချပေးပါအုံးကွယ် သမီးမြောက်တာ တော်တ်ောမြောက်နေလို့'

အန်တီ့အပြောမှာအားလုံးပွဲကျလေသည်။.....

'ကဲတော်ကြပါတော့ နွေတို့တွေ ကားပေါ်တက်ကြရအောင် ကားကောသစ္စာ'

'ဟိုးနားမှာ ရပ်ထားတဲ့ alphard အဖြူပဲ မမနွေ '

'မေမေတို့ သွားကြစို့ နွေ'

သစ္စာဟာ အတတ်ကလေး အသွက်ကလေး နဲ့ချစ်စရာကောင်းတယ်လို့ ခရီးစဥ်မှာ ပါတဲ့သူတွေမှတ်ချက်ချမိ ကြတယ်... သစ္စာနဲ့စမယ့်ခရီးစဥ်ကြီးဟာလည်း alphard ကားလေးဖြင့် တရွေ့ရွေ့ခရီးနှင်နေပြီတမို့

ကားပေါ်မှ ကားမောင်းဆရာလေးရယ် သစ္စာရယ် က ကားအရှေ့ခန်းမှာထိုင်ကြပြီး နွေနဲ့ နွေ့မေမေ ကတော့ ဒုတိယတန်း

သူဇာ သံသာ နဲ့ ‌ဒေါက်တာဗညာ က တတိယတန်း တွင် လိုက်ပါလာကြ၏။

'မကြာခင်မှာ ခဏလောက်ကားရပ်ပြီးတော့ ဘဝသံသရာတံတား မှာ ခဏ တာလမ်းဆင်းလျောက်ရင်း ရှုခင်းတောင်တန်းတွေနဲ့ ဓာတ်ပုံလှလှလေးတွေရိုက် လို့ရပါတယ် ။ ဒီတံတားကြီးက ဟဲဟိုးမြို့ တောင်လေးလုံးရွာအနီးမှာ ရှိပြီးတော့ သာစည် -‌‌ရွှေ‌ညောင် အကြား ၃၈၂ စင်းမြောက်တံတားလည်းဖြစ်ပါတယ် ။တံတားကတော့ ၆၂ ပေမြင့်ပြီးတော့ ၁၉၂၇ မှာ တည်ဆောက်ခဲ့တာကြောင့် နှစ်ပေါင်း၉၀ ကျော်လာတဲ့ အထင်ကရတံတားကြီးပါ'

အမုန်းအသင်္ချေWhere stories live. Discover now