အခန်း၈

897 58 2
                                    

နွေ အာရုံမစိုက်လိုက်မိလို့ပါ နွေထပ်လုပ်လိုက်ပါ့မယ်

မလိုတော့ဘူး မင်းလက်နဲ့ ထိတွေ့လိုက်တဲ့အရာတိုင်း ကို ကိုယ် ခုံမင်ပါတယ်

------------------------------------------------------------------------------------------------------------

'မူယာ မမ အတွက် ကော်ဖီ လေးလုပ်ပါအုံး'

'မင်းလည်းလိုက်သွားပါ ကိုယ်ဘာကြိုက်တတ်လည်း မူယာ့ဆီက သေချာသင်ထား နောက်ဆို ကိုယ့်အတွက် မင်းပဲ လုပ်ပေးရမှာ'

'အော် မူယာ ပြန်လာရင် သူ့အတွက် စားပွဲတစ်လုံး မမ အခန်းထဲစီစဥ်ပေး'

'ဟုတ် မမ သူက?

'အင်း မမရဲ့ ကိုယ်ရေးကိုယ်တာအတွက် ကော အလုပ်အတွက် ကောခန့်လိုက်တာ မမရဲ့ PA ထွန်းရတုနွေ'

'ဟုတ်မမ...... ညီမလေး လာ'

နွေ မင်းလေး ကိုယ်ကြိုက်တာတွေကို သိစေချင်တယ် ကိုယ့်ရဲ့ စိတ်ကို ဖတ်နိုင်တဲ့ထိ လည်းကြိုးစားစေချင်တယ် .... ဘာကြောင့်လဲဆိုတော့ မင်းလေးကို ကိုယ့်အနားမှာပဲ ထားမယ် လို့ ဆုံးဖြတ်ပြီးသွားလို့...အတ္တဆိုရင်လည်း ကိုယ် သိပ်ကို ခိုင်ခိုင်မာမာကိုင်စွဲမယ့် အတ္တပေါ့ ။

'မမူယာ မမ က ဘာကြိုက်တတ်လဲ ဟင်'

'ကော်ဖီဆိုရင် သကြားအများ ကြီးထည့်တာမကြိုက်ဘူး အရမ်းလည်း ခါးသွားလို့မရဘူး အရပ်ပြောဆိုရင် ပုံမှန်ပေါ့'

'အစားအစာတွေထဲကော'

'စားပါတယ် အဲ့လောက်ထိ ‌‌ရွေးတာတော့ မရှိဘူး ဒါပေမယ့် ရေဘဝဲနဲ့ ခရု စားလို့ကို မရဘူး စားတာနဲ့ တစ်ကိုယ်လုံး ယားလာကော

အလက်ဂျီလေ'

'ဒါနဲ့ မမ က အရမ်းချောတယ်နော် ယဥ်တယ်ဆို ပိုမှန်မယ်'

မူယာ သက်ပြင်းချစဥ်းစားရင်း ကော်ဖီဆက်မွှေနေလိုက်တယ်

'မမူယာ မမ က ဘာပြသနာမျိုးတွေရှိထားလို့လဲ'

'ပြသနာက ချော‌မောလှပပြီး ပိုက်ဆံရှိတော့ အတည်ကြံချင်တာရော ၊ အကောက်ကြံချင်တာတွေရော၊နှာဘူးတွေရော ၊တနှာရူးတွေ‌ရော

မမ နား စုံလို့ ...မမ ကခါချနေရတာလေ'

'အဲ့ထဲက အဘသား ဆိုလား ရောဘတ် ဆိုတဲ့အကောင်က အဆိုးဆုံး အသေရရ အရှင်ရရ မမ အနံ့ပဲ ရှုရရှုရ အဲ့လိုမျိုး'

အမုန်းအသင်္ချေWhere stories live. Discover now