အပိုင်း၂၅

818 53 1
                                    

အေးစိမ့်စိမ့်ရာသီဥတုကိုမြူတွေဖုံးလွှမ်းနေလေတော့ ရိုးတွင်းခြင်ဆီများ ထိပင်အေးလေရော့သလား ထင်မိစရာ ။ညဘက် ကအိမ်မက်ဆိုး တွေကြောင့် အိပ်ရေးကောင်းကောင်းမဝပဲ စောစောထရလို့ထင့် နွေ့ မျက်လုံးလေးတွေ နီရဲနေသည်။

ဟော်တယ်မှ အထွက် ကားပါကင်နားရှိ မျက်ခင်းပေါ်၌ နှစ်သစ်လက်ဆောင်ဟူသော စာတန်းလေးနှင့်အတူ မာဖလာရောင်စုံလေးများ ချိတ်ဆွဲထားသော စတီးစင်လေး ရှိနေလေရာ သူဇာက တစ်ဖွဲ့လုံးစာဟုဆိုကာ မာဖလာလေးများ လက်တွင်ကိုင်ဆွဲလာလေသည်...

နွေ့အတွက် အပြာရောင် နဲ့ အန်တီနွေ့အတွက် အဝါ‌ရောင်ဖျော့ဖျော့ လေးလှမ်းကာပေးပြီးနောက် သူမ ကိုယ်တိုင်လည်း အစိမ်းရင့်‌ရောင်လေးကို လည်ပင်းမှာ ချိတ်ဆွဲနေရာယူပြီးလျက်ရှိနေပေပြီ..ဒေါက်တာအတွက်ကတော့ အနီရောင်လေး ပေးထားလိုက်သည်..သံသာ့အတွက်က သစ္စာယူပေးပြီးပြီမို့ ထွေထူးစိတ်ပူပြီးယူပေးမနေတော့ပေ...

'ဟက်ချိုး'

'ဟော သစ္စာ နှာချေခြင်နေတာလား နေကောင်းရဲ့လား'

မက်စ် အနက်ရောင်လေးကို တပ်ဆင်ထားကာ နှာချေပြနေသော သစ္စာကို လည်ပင်း၌မာဖလာအနီလေးတစ်ပတ်လျှိုပတ်လျက် ရှိနေသော ဒေါက်တာ ဗညားမေးလိုက်ခြင်းဖြစ်ပါ၏။

'ဟုတ်ကောင်းပါတယ် နည်းနည်းလည်းအေးလို့ပါ မက်စ်တပ်တာက ရောဂါပိုးတွေရှိနေရင် ကူးစက်ကုန်မှာစိုးလို့'

'သစ္စာက ကျန်းမာရေးဗဟုသုတလည်း ရှိပေသားပဲ'

'လူစုံပြီပဲ သွားကြစို့လေ'ဟု သံသာက ကြားဖြတ်ကာပြောလိုက်သောကြောင့် သစ္စာနှင့် ‌ဒေါက်တာတို့၏စကားလေးလည်း ပျက်သွားကာ ကားလေးပေါ်သို့ တက်ခဲ့ကြလေသည်...

တဖြည်းဖြည်းနှင့်ဟော်တယ်မှ ထွက်ခဲ့ကြပြီးနောက်

နွေ တောစပ်တစ်နေရာကိုရောက်နေလေသည်..စိမ်းညို့ညို့တောတန်းက မိုးရေစက်တို့ သောက်သုံးပြီးသကာလ ပိုမို၍ အုံ့ဆိုင်းနေလေသည်...တောစပ်၌အမျိုးသားတစ်ဦးကိုလည်းနွေ ရေးရေးမျှ လှမ်းမြင်နေရ၏ ....၄င်း အမျိုးသားတစ်ဦးက ထို စိမ်းညို့ညို့တောတန်းဆီကို နွေ့ကို လိုက်စေချင်သည့်ပုံ ဖြင့် လက်ယက်ခေါ်နေလေရာ နွေ့စိတ်ထဲ မငြင်းဆန်နိုင်သည့်အရာတစ်ခုက ညို့ယူထားသကဲ့သို့ ဆွဲဆွဲငင်ငင်ဖြင့် လိုက်ပါလေတော့သည်...လမ်းဟူ၍ပင် မရှိသော်ငြား ပေါ့ပါးစွာဖြင့်လိုက်ပါနေသည် ကလည်းထူးဆန်းနေပြန်၏...လိုက်ပါသွားရင်းက တောပတ်ချာလည်အုံ့ဆိုင်းနေသည့် သစ်ပင်များ ဝန်းရံထားသော မြေကွက်လပ်ကြီး တစ်ခုကိုတွေ့ရ၏..ထိုမြေကွက်လပ်၌ ယောကျားသားများဖြစ်ဟန်တူသည်..လူပုံစံသည်းကွဲစွာတော့မမြင်ရပေ ..စောနကပင် နွေ့အား လမ်းပြခေါ်သော အမျိုးသားလည်းပါ၏...ထို့နောက် လမ်းပြ ခဲ့သော အမျိုးသားမှ ကျန်၂ယောက်နှင့်စကားပြောဟန် စိတ်မကြည်သည့် အမူအရာများလည်း နွေမြင်တွေ့နေရ၏..ထို့နောက်တွင်တော့ ရုန်းရင်းဆန်ခတ်ဖြစ်နေကြစဥ်.....

အမုန်းအသင်္ချေWhere stories live. Discover now