အခန်း၄

968 61 0
                                    

သူသာ ပွင့်ပွင့်လင်းလင်းပြောပြခဲ့ရင် မဏိက သူတို့ကို သေချာ စီစဥ်ပေးလို့ရတယ်လေ

အခုတော့....

------------------------------------------------------------------------------------------------

'သမီး မဏိ ပြန်လာတာ ကိုယ်တိုင်ကားမောင်းလာတာလား'

'ဟုတ်ကြီးလှ'

မဏိမီးဖိုချောင်ထဲခြေလှမ်း ဦးတည်လိုက်ပါတယ်... ရင်မောတယ့်ပုံလေးပေါက်နေပြီး ရေခဲသေတ္တာထဲက ရေခရားကို ယူကာဖန်ခွက်ထဲ ထည့်နေလိုက်တယ်...ရေဖန်ခွက်တစ်ခွက် နီးပါးသောက်ပြီးမှ slim bagလေးထဲက စာရွက်ခေါက်လေးကို ကြီးလှလက်ထဲကို လက်ကမ်းပေးလိုက်တယ်

'ဒီစာသာဖတ်ကြည့်ပါတော့ ကြီးလှရယ် မဏိကိုကြတော့ မနေ့က သူ့အမေ နေမကောင်းလို့ရွာပြန်ရမယ်တဲ့'

( မမလေး ကျွန်တော် ရိုသေစွာ တောင်းပန်ပါတယ် ဒါလည်း မမလေးကို လိမ်ခဲ့မိသလိုဖြစ်ခဲ့ရလို့ပါ

တကယ်တော့ မမလေး ဒီစာဖတ်နေချိန်မှာ ကျွန်တော့် ချစ်သူကို ခိုးပြေးပြီး ၂ယောက်တစ်ဘဝ ထူထောင်နေကြပါပြီ..

သူနဲ့ ညိစွန်း ပြီး မိဘတွေကလည်း သဘောမတူတာကြောင့်အခုလိုစီစဥ်လိုက်ရတာပါ ။ မိဘသဖွယ် စောင့်ရှောက်ခဲ့ကြတဲ့

ကျေးဇူးကို ရည်မှန်းပြီး မမလေးကို လည်း ကန်တော့ခဲ့ပါတယ် ။ ကြီးလှ ကိုလည်း ကန်တော့ခဲ့ပါတယ်။

ကျွန်တော်မှားတာရှိရင် ခွင့်လွှတ် ပေး ကြပါ ဗျာ......

ရင်ထွေး ‌ )

'အင်း ဒီကလေးကတော့လေ ပွင့်ပွင့်လင်းလင်းပြောလို့ ရရဲ့သားနဲ့ ....'

'သူသာ ပွင့်ပွင့်လင်းလင်းပြောပြခဲ့ရင် မဏိက သူတို့ကို သေချာ စီစဥ်ပေးလို့ရတယ်လေ

အခုတော့....'

'လူငယ်တွေဆိုတော့ စိတ်ထင်ရာလုပ်မိကြတာ ပါ သမီး မဏိလည်း စိတ်မကောင်းမဖြစ်နဲ့....ဘာလုပ်မလဲပဲစဥ်းစား'

သောက်လက်စ ဖန်ခွက်လေးကိုကိုင်ရင်း မဏိ ခေတ္တခဏစဥ်းစားပြီးနောက် ခေါင်းလေး နှစ်ချက်လောက် ငြိမ့်လိုက်ကာ...

မဏိ သွားနားလိုက်အုံးမယ် ..ရေချိုးပြီးမှပဲ ထမင်းစားမယ်

'အေး‌အေး ကြီးလှထမင်းပွဲပြင်ထားလိုက်မယ်'

အမုန်းအသင်္ချေWhere stories live. Discover now