အခန်း၁၆

757 54 0
                                    

'အခုလည်း နွေ ကိုယ့်ကို ပြုစားနေတာ မသေရုံပါ ..မင်းကိုယ့်ကို သိပ်မုန်းနေတယ်မလား စိတ်ချ မင်းလက်နဲ့ ကိုယ့်ကို မသတ်ရပဲ သေသွားရင် ရပြီမလား'

--------------------------------------------------------------------------------------

နွေကျမ ကို စကားကောင်းကောင်းမပြောတာ လနဲ့ ချီနေပြီ သူ့ဆီက အမုန်းစကားတွေနဲ့ပဲ ကျင်လည် နေရတာ ကို ကျမမုန်းတယ်..သူ့ဆီက အကြင်နာတွေ ကို လည်းတောင့်တမိတယ် ...သူကျမကိုညှင်းဆဲနေတာ ဘယ်အချိန်ထိ များလဲ .......

'နွေလေး ပြန်လာပြီပေါ့ အန်တီရော ပုံမှန်ဆေးခန်းပြဖြစ်ရဲ့လား ကိုယ့်ကို စိတ်ဆိုးတယ်ဆိုပေမယ့် အန်တီ ကို ဆေးခန်း‌တော့ပုံမှန်ပြပေးပါ '

'ကျမ အမေ ကျမ ဂရုစိုက်လို့ရပါတယ် လောကွတ်တွေ လုပ်မနေနဲ့ ပုံမှန်အလုပ်ချိန်ပြန်ဝင်ရင်ရပြီမလား '

'ကိုယ်က စိတ်ပူလို့ပါ'

' ကျမရှင့်ဆီမှာ ဆက်ပြီး အလုပ်လုပ်တယ်ဆိုတာ ရှင့်ကိုတွယ်ကပ်ချင်လို့တော့ ထင်မနေနဲ့ ....လစာကောင်းလို့ ဟန့်.......နောက်ပြီးရှင့်ကို အနီးကပ် စိတ်ဒုက္ခတွေ ပေးချင်လို့ '

အေးစက်စက် နိုင်လွန်းလှသော စကားတွေသာ မဏိ ကြားနေရသည်။နှလုံးသားထဲတော့ ဓါးနဲ့မွန်းနေသလို .....နှုတ်ခမ်းတစ်ဖက်ကို တွန့်တက်နေအောင် ပြုံးတဲ့မဲ့ပြုံးက မျှား အစင်းတစ်ရာထက် အစွမ်းထက်သည်ထင်၏ ...မျက်ရည်ကျလို့ အရှုံးပေးတယ်ဆိုရင် ကိုယ်အရှုံး ပေးပါတယ်နွေ ........

'အော် ပြီးတော့ ကျမ ရည်းစား အသစ်ရနေပြီ'

'ဟမ်....နွေလေး မင်းဒါ ဒါ က ဘာလုပ်တာလဲ '

'ရည်းစားထားတာလေ လွတ်လပ်တဲ့ အပျိုတစ်ယောက်က ထားခွင့်မရှိဘူးလား'

'ဒါဆို ကိုယ်က ဘာလဲ...လမ်းခွဲမယ်ဆိုတဲ့သဘောလား'

'နားစမ်းပါ ကျမ ရှင့်ကို လမ်းခွဲပေးရင် ဘာအရသာရှိမှာလဲ အခုလိုလေးမှရှင် ပိုခံစား ရမှာမလား'

'ဒီအတောအတွင်းနဲ့ ထားတဲ့ဟာက ကိုယ့်လောက်ချစ်ပေးနိုင်လို့လား ဟမ် နွေလေး '

'ဟိ အခုသူက ကျမ ကိုသိပ်ချစ်တာတဲ့ ကျမ အဖြေမပေးရင် သေရပါတော့မယ်ဆိုလို့လေ'

အမုန်းအသင်္ချေOpowieści tętniące życiem. Odkryj je teraz