အခန်း၃

1K 67 0
                                    

ဖြစ်နိုင်မယ်ဆိုရင် ထိုအမျိုးသမီးနဲ့

နောက်တစ်ကြိမ်ဆုံချင်ခဲ့မိတယ်ဆိုတာတော့ နွေမလိမ်ချင်ပါ။

-------------------------------------------------------------------------------------

'မမလေး မနက်က အစည်းဝေး အချိန်မှီရဲ့လား'

'အင်း မှီရုံလေး နောက်မကျခင်လေး ပဲဆိုပါတော့'

မဏိ မောင်ရင်ထွေး မေးခွန်းအား ပြန်ဖြေကြားလိုက်ရင်း ကား ပြတင်းပေါက် အပြင်ဘက် လမ်းမဘက်သို့‌ငေးမိနေပါ၏... အတွေးထဲတော့ မနက်က မိမိ အား အသားကုန်ဖြဲ သော ကလေးမ လေး၏ ပုံရိပ်များပင်....မိမိအား မတွေ့ခင် ဇတ်ဇတ်ကြဲလေးပုံစံ နှင့် တွေ့မြင်ပြီးနောက် ရှက်ကိုးရှက်ကန်း ဖြစ်သွားသော ပုံစံလေးများက စိုးမိုးနေတော့၏....အလုပ်တွေများနေချိန် ကိုယ့်ကို ကို သတိမထား မိပေမယ့် အခုတော့ ကလေးမရဲ့ အကြောင်းကိုတွေးမိနေပါရော့လား......

'မမလေး ....မမလေး အိမ်ရောက်ပြီ'

'အော် အင်း....'

'တစ်လမ်းလုံးလည်း အပြင်ဘက်ကိုကြည့်ပြီး ပြုံးလာတာ .....မမလေး တစ်ခုခုများ စိတ်ချမ်းသာစရာတွေ့ခဲ့ရတာလား'

'မဟုတ်ပါဘူး မဏိ ဒီတိုင်းအတွေးလွန်သွားလို့ပါ'

မဏိ ကိုယ့်ကိုကိုယ် သတိမထားမိအောင် ဖြစ်ခဲ့ရတာပါလား..ပါးလေးတွေနီမြန်းလို့လာချေပြီ....ကားပေါ်ကဆင်းမည်အလုပ် မောင်ရင်ထွေး စကားကြောင့်

'မမလေးကို မနက်ဖြန် မနက် ရုံးလိုက်ပို့ပြီးရင် ကျွန်တော်ရွာခဏပြန်ရမယ် အမေ ....ဟိုဟာလေ......နေမကောင်းဘူးဆိုလို့ ...အဲ့တာ မမလေးဆီက ခွင့်တောင်း ချင်လို့ပါ...'

'ဘယ်နရက် ကြာမှာလဲ '

'တစ်......တစ်ပတ်လောက်တော့ ကြာနိုင်တယ် '

'စကားတွေလည်း ထစ်လို့ ......ရပါတယ် သွားပါ .....ဒီရက်ပိုင်း မဏိ ဘာသာရုံးသွားလိုက်ပါမယ်'

'ကျေးဇူးပါ မမလေး'

မဏိ ကားတံခါးပိတ်လိုက်ပြီး အိမ်ကြီးထဲသို့ ဝင်လာခဲ့လိုက်သည်....မောင်ရင်ထွေးလည်း သူ၏ဂိုထောင်ပေါ်ကအဆောင်သို့ တက်သွားလေပြီ...

အမုန်းအသင်္ချေDonde viven las historias. Descúbrelo ahora