Ep1

17.1K 722 7
                                    


Unicode

ဆိုးလ်ညနေခင်းပိုင်း ပုဇွန်ဆီရောင်ကောင်းကင်ကြီးရယ်၊နေလုံးနီနီကြီးရယ် အိပ်တန်းဆီကိုပျံသန်းနေတဲ့ ငှက်ကလေးများဟာ ပန်းချီးကားတစ်ချပ်ဖွယ်။

ပန်းခြံထဲကခုံတန်းလေးမှာ အတူတူထိုင်နေတဲ့ ကောင်လေးနှစ်ယောက်...
အညိုရောင် ဦးထုတ်လေးကိုဆောင်းထားတဲ့ ကောင်လေးရဲ့မျက်နှာထက်ဝယ် မျက်ရည်စက်ချို့ကျဆင်းနေလေရဲ့..။

တစ်ဖက်က အနက်ရောင်စပို့ရှပ်ကို ‌ဝတ်ထားတဲ့လူရဲ့မျက်နှာမှာခံစားချက် အနည်းငယ်မျှပေါ်လွင်မနေ တည်ငြိမ်အေးစက်နေရေကန်တစ်ကန်သဖွယ် ပကတိတည်ငြိမ်နေလျက်။

"ကျွန်တော့်ကို ဘာလို့ဂရုတွေစိုက်ပေးခဲ့တာလဲ..ကျွန်တော့်ကိုမချစ်ခဲ့ဘူးလား"

မျက်ရည်စတွေနဲ့ ကောင်လေးထံမှထွက်လာသောစကားမှာ ရှိုက်သံတွေနဲ့အတူ နာကျင်မှုတွေပါဝင်နေသလို။

"ကိုယ်မင်းကိုစိတ်ဝင်စားခဲ့ရအောင် ကိုယ့်အသက်ကချာတိတ်အရွယ်မဟုတ်ဘူး Taehyung.."

နောက်ထပ်ထွက်လာတဲ့ အသံကတော့ ယခုနကအသံနဲ့ကွဲပြားစွာ အလွန်ကိုသြဇာညောင်းလှသော အသံအနေအထားပိုင်ဆိုင်ထားသူပင်။

"ဘာလို့လဲ? ကျွန်တော်က ခင်ဗျားကြီးလို အသက်မကြီးလို့လား"

"မဆိုင်တာတွေဆွဲမထည့်နဲ့ Taehyung"

"ကျွန်တော့်ကို တကယ်ပဲမချစ်တာလား"

ဒီမေးခွန်းကို ထပ်ခါထပ်ခါမေးနေမိသလို ရလာတဲ့အဖြေတိုင်းကတူညီစွာ Taehyungကို နာကျင်စွာဓားနဲ့မွှားနေသလို။ ဒီတစ်ခေါက်ရလာမဲ့အဖြေဟာလည်း အရင်လိုနည်းတူပဲဖြစ်လာမည်သိပေမဲ့လည်း ထပ်ပြီးအတည်ပြုချင်မိနေတဲ့ Taehyungက တခြားလူတွေအမြင်မှာ ရူးမိုက်နေမိမလား။

"Taehyung ကိုယ်မဖြေချင်ဘူး မင်းသိပြီးသားပဲမလား"

"ကျွန်တော် ခင်ဗျားကြီးသဘောကျအောင်ပြင်ဆင်ပြီးနေထိုင်ပါ့မယ် ကျွန်တော့်ကိုလက်ခံပေးပါ "

"Taehyung မင်းကအရမ်းငယ်ပါသေးတယ် ရှေ့ဆက်ရမယ့်ခရီးလမ်းကလည်း အများကြီးကျန်သေးတယ်
ငါ့ဆိမှာ မင်းဘဝကြီးကို အကုန်မခံချင်စမ်းပါနဲ့"

𝓨𝓮𝓼 𝓞𝓻 𝓨𝓮𝓪𝓱⁽ᶜᵒᵐᵖˡᵉᵗᵉᵈ⁾Where stories live. Discover now