Ep26

3.2K 262 4
                                    

Uni

ဒီနေ့လိုနေ့မျိုးရောက်လာလိမ့်မယ်လို့ Taehyungစိတ်ထဲမှာခဏတာတာင် မတွေးခဲ့ဖူးပေ။ လမ်းခွဲပြီးတစ်ရက်မြောက်နေ့မှာတောင် ရည်းစားဟောင်းနဲ့တစ်အိမ်တည်းနေနေရတယ်။ တစ်ညလုံးငိုထားမိတဲ့ဒဏ်က မျက်ရစ်ကိုဖောင်းအစ်နေတဲ့အထိပင်။ ကိုယ့်ကိုမချစ်တဲ့လူရဲ့လက်ကိုမဆွဲထားချင်လို့သာလွှတ်ပေးလိုက်ရသော်လည်း ဆက်ဆွဲထားချင်တဲ့ကိုယ့်ရဲ့စိတ်ကို ထိန်းချုပ်ထားရသည်။ ကိုကို့ဘက်က ခုလိုမျိုးလမ်းခွဲဖို့ပြောတာကြီးကခုချိန်ထိ အိပ်မက်လားလို့အတွေးကဝင်နေမိဆဲ။

မနက်နှိုးစက်ပေးသံကြောင့် အိပ်ယာထက်ကထလာရပေမဲ့ စိတ်ထဲကျောင်းသွားချင်စိတ်လည်းမရှိတာမလို့ အိပ်ယာထက်ပြန်ထိုးအိပ်လိုက်သည်။ မကြာပါဘူး ဗိုက်ထဲကတဂွီဂွီမြည်သံကြောင့် အိပ်ယာကထလာရသည်။ အောက်ထပ်ကိုဆင်းလာတော့ ထမင်းစားဝိုင်းမှာထမင်းစားသောက်နေတဲ့ဆရာJungkookကိုတွေ့တယ်။  ကော်ဖီတစ်ခွက်ကို‌သောက်နေတဲ့ ဆရာJungkookကို‌မြင်နေရတဲ့မျက်နှာတစ်ခြမ်းကတောင် အတော်ကိုပြီးပြည့်စုံလှတယ်။

"သား လာလေ"

ရှောင်သွားရရင်ကောင်းမလားလို့ အိမ်ပေါ်ကိုပြန်တတ်လာလိုက်မလို့လုပ်ပေမဲ့ ထမင်းစားဝိုင်းက အဖေ့ဆီကခေါ်သံ‌ကြောင့် ထမင်းစားဝိုင်းမှာဝင်ထိုင်လိုက်ရသည်။

"မျက်ကွင်းတွေညိုနေတယ်..သားနေမကောင်းဘူးလား"

Jungminဆီက Taehyungကိုပြောတဲ့အသံကြားလို့ Taehyungကိုကြည့်လိုက်မိတော့ တကယ်ပင်မျက်ကွင်းတွေညိုနေသည်။ ကိုယ့်ကြောင့်ခံစားနေရတာပါဆိုတဲ့ အသိကြီးကြောင့်Jungkookမှာ အပြစ်ရှိနေသလိုခံစားနေရသည်။ ကိုယ်သာTaehyungအချစ်ကိုလက်မခံရင် ဒီအချစ်ဇာတ်လမ်းကဖြစ်ပေါ်လာမှာမဟုတ်သလို Taehyungလည်းခံစားနေရမှာမဟုတ်ပါလေ။

"သားညကနေမကောင်းလို့...ညအိပ်‌တာနောက်ကျသွားလို့ပါ"

"နေမကောင်းဘူးလား..အင်းး ဂရုစိုက်လေ အရမ်းမသက်မသာဖြစ်နေရင် သားကျောင်းမသွားတော့နဲ့လေ"

"မဟုတ်ပါဘူး..သားသွားမှာပါ"

အစကတော့ ကျောင်းမသွားဖို့တွေးထားမိပေမဲ့ အိမ်မှာသာဆက်နေရင် အတွေးပေါင်းစုံနဲ့အတူ ဆရာJungkookကိုလွမ်းမိတဲ့ခံစားချက်ကြီးက စိုးမိုးထားမိမှာစိုးလို့ပင်။ကျောင်းမှာက Sunghoonတို့နဲ့အတူတူနေရင်း ခဏတစ်ဖြုတ်မေ့မေ့ပျောက်နေရမှာပင်။

𝓨𝓮𝓼 𝓞𝓻 𝓨𝓮𝓪𝓱⁽ᶜᵒᵐᵖˡᵉᵗᵉᵈ⁾Where stories live. Discover now