Ep9

2.8K 287 4
                                    

Uni

Taehyung စျေးဝယ်ပြီးပြန်လာကတည်းက အဝတ်အစားရွေးနေရသည်။ ဘာမှအရမ်းကြီးမပြင်ဆင်သွားချင်ပေမဲ့ကိုယ့်သူငယ်ချင်းအရင်းကြီးမွေးနေ့ဆိုတော့ ကိုယ်ကချောနေရမှာပါပဲလေ။ ဆရာJungkookကလည်း လိုက်လာမယ်ထင်တယ် မဟုတ်ဘူးလိုက်ကိုလိုက်မှာသေချာတယ်။ ကျွန်တော့်ကိုတွဲဖို့ဆိူပြီး လိုက်လာမှာသေချာသည်။ ပုံတုံးတုံးဒီဇိုင်းကြီးတော့မဝတ်တာသေချာတာမလို့ ထိုအတွက်ကလုံးဝကိုစိတ်ပူစရာမလိုပေ။ အဲ့ဒီအရာထက် စိတ်ပူရမှာကလိုက်ပြီးအဖိူးကြီးလို လိုက်ဆူပူနေမှာကိုပဲ။ လူငယ်မွေးနေ့ပါတီဆိုတော့ ပျော်ကြပါးကြမှာလေ အနားကနေတရားတွေလိုက်ချနေရင် ကိုယ်ပဲစိတ်ညစ်စရာတွေဖြစ်မှာ။  အတတ်နိုင်ဆုံးမွေးနေ့ကိုမလိုက်လာဖို့နားချရမယ်။  မွေးနေ့ပါတီက ၆နာရီလောက်မှစမည်ဆိုတော့အေးအေးဆေးဆေးပြင်ဆင်လို့ရပါသေးသည်။

ဧည့်ခန်းကို ဖြည်းဖြည်းချင်းဘေးနားကပစ္စည်းတွေကိုအမှီပြုပြီးထွက်လာလိုက်သည်။ ကော်ဖီတစ်ခွက်ကိုဘေးမှာချပြီး စာအုပ်ထိုင်ဖတ်နေတဲ့ဆရာJungkookကိုတွေ့တော့ အနားကို‌ဖြည်းဖြည်းချင်းကပ်သွားလိုက်တယ်။

"ဆရာ.."

"အော ဘာပြောမလို့လဲ... ကိုယ့်ကိုတော့မခေါ်ဘူး ထပ်ပြီးလဲနေရင် ပိုပြီးဒဏ်မိမှာနော်"

"အရမ်းကြီးတော့မနာတော့ဘူး တစ်ယောက်တည်းတောင်ဖြည်းဖြည်းချင်းသွားရနေပါပြီ"

"အင်းပါ အင်းပါ"

စကားစဖြတ်ပြီးကော်ဖီသောက်ပြီးစာထပ်ဖတ်နေတဲ့ဆရာJungkookကို မွေးနေ့ပါတီကိုမလိုက်လာဖို့ဘယ်လိုပြောရမလဲ အတော်စဥ်းစားရခက်နေတယ်။ မလိူက်လာဖို့ကိုအတော်လေးပြောဆိုရမှာ ကိုယ့်အတွက်လိုက်မှာကိုတော့နားလည်ပေမဲ့ တစ်ချိူ့ကိစ္စတွေမှာတော့လိုက်လာတာသ‌ဘောမကျမိပါဘူးလေ။

"ဟိုလေ ဆရာ"

"အင်း ပြောလေ"

"မွေးနေ့ပွဲကလိုက်မှာလားဟင်"

"အမ်... ဘာလို့လဲ"

ကော်ဖီသောက်ပြီးသတင်းစာထိုင်ဖတ်နေတုန်း သူ့အခန်းထဲကထွက်လာပြီး ကိုယ့်နားလာထိုင်ပြီးစကားတွေလာပြောနေတဲ့Taehyung။ သူလိုချင်တာ ဒါမှမဟုတ်ပြောချင်တာတစ်ခုခုရှိတယ်ထင်သည်။ အဲ့ဒီကောင်လေးနဲ့အတူတစ်အိမ်တည်း‌နေပါများလို့လားပဲနည်းနည်းပါးပါးတော့ အထာနပ်နေပါပြီ။

𝓨𝓮𝓼 𝓞𝓻 𝓨𝓮𝓪𝓱⁽ᶜᵒᵐᵖˡᵉᵗᵉᵈ⁾Where stories live. Discover now