Ep4

3.7K 338 1
                                    

Unicode

အရှေ့ရပ်က နေရောင်ခြည်တောင်ထွက်မလာသေးသော်လည်း မျက်လုံးနှစ်လုံးကပွင့်နေပြီဖြစ်သည်။ ကျောင်းသားတွေကို စာသင်ရတာအရမ်းကြီးမပင်ပန်းပေမဲ့ အနည်းနဲ့အများတော့ Pressureရှိသည်။ Jungkookဒီဆိုးလ်ကကျောင်းကို ပြောင်းလာတော့ Busanမှာ‌အမေကိုတစ်ယောက်တည်းထားခဲ့ရတယ်။ အစကတော့ အမေ့ကိုစိတ်မချပေမဲ့ အမေကအဆင်ပြေပါတယ်လို့ ပြောလာတော့လည်း အလုပ်အကိုင်အခွင့်အလမ်းတွေအတွက်ပြောင်းလာခဲ့သည်။

ဆိုးလ်ကိုရောက်လာတာ ခုဆို၂လနီးပါးတောင်ရှိနေပြီ။ သူငယ်ချင်းအိမ်မှာတည်းနေရတော့ အားနာစရာကြီးပေမဲ့ မသက်သာဘူးလေ။ နောက်နှစ်မှ ကိုယ့်ဘာသာအိမ်‌ငှားဖို့နေရာရှာရမှာပဲ။ မပြေတာဆိုလို့ ဟိုကလေးKim Taehyungပဲရှိသည်။ ပင်ကိုယ်ဉာဏ်လေးက ကောင်းရဲ့သားနဲ့လူက ပေါတောတောအရမ်းလုပ်နေတာ။ ကိုယ့်သူငယ်ချင်းသားမလို့ ကျောင်းမှာလည်း သူ့အကြောင်းစုံစမ်းပြီးဂရုစိုက်ရသေးတယ်။ ကိစ္စတစ်ခုခုမကောင်းတာဖြစ်လာရင် မျက်နှာပျက်ရမှာက ကိုယ်နဲ့ကိုယ့်သူငယ်ချင်းလေ။ မျောက်လောင်းKim Taehyungကတော့ သူ့ဘာသာပြဿနာတွေရှာပြီးရင်းရှာ ပြီးကျရင် မသိသလိုနေနေတော့တာပဲ။

မျက်လုံးကိုမှိတ်ပြီးပြန်အိပ်ဖိူ့ကြိုးစားကြည့်သော်လည်း မျက်လုံးကကြောင်နေပြီး ပြန်အိပ်လို့ကိုမရတော့ပေ။  စားပွဲပေါ်ကနာရီကိုကြည့်လိုက်တော့ မနက်၄နာရီခွဲသာရှိသေးတယ်။  ရေဆာနေသလိုဖြစ်နေတာမလို့ ရေ‌ထသောက်ဖို့ မီးဖိုချောင်ကိုထွက်လာလိုက်သည်။

အခန်းတံခါးလှပ်ပြီး ထွက်လာရုံတံခါးဝမှာပဲရှိသေးရုံနဲ့ မီးဖိုချောင်ထဲက တကျွတ်ကျွတ်အသံတွေကြားနေရသည်။ ခုလို မနက်စောစောစီးစီးတစ်အိမ်လုံးအိပ်နေကြတဲ့အချိန်ကြီး မီးဖိုချောင်ထဲက အသံကြားနေရသည်က ပုံမှန်မဟုတ်သည့်ကိစ္စရပ်ပင်။ ကြောင်တို့ ခွေးတို့ မွေးထားတာလည်းမဟုတ်တော့ သူခိုးများဝင်နေတာလား။

အနီးနားက ထီးတစ်ချောင်းကိုယူပြီးခြေသံလုံလုံနဲ့မီးဖိုချောင်သို့ လျှောက်လာလိုက်သည်။ မီးဖိူချောင်နံရံနားကပ်ပြီး အခန်းထဲကိုလှမ်းကြည့်လိုက်တော့ ရေခဲသေတ္တာတံခါးကပွင့်နေပြီး ကုန်းကွကွ‌နဲ့ပစ္စည်းတွေယူနေသည့် လူတစ်ယောက်။ သေချာပေါက် သူခိုးဆိုတာသေချာနေပြီ။ ကိုယ့်သူငယ်ချင်းအိမ်ဆိုတော့လည်း ကိုယ့်အိမ်လိုစောင့်ရှောက်ရမှာတာဝန်ရှိတယ်လေ။

𝓨𝓮𝓼 𝓞𝓻 𝓨𝓮𝓪𝓱⁽ᶜᵒᵐᵖˡᵉᵗᵉᵈ⁾Where stories live. Discover now