Ep19

2.6K 220 0
                                    

Unicode

တစ်နေ့ကုန် ပြုံးဖြီးပြီးပျော်မြူးနေတဲ့Kim Taehyungကိုကြည့်ရတာSunghoonအတွက်ကြာလာတော့အဆင်မပြေတော့ဘူး။ ကိုယ်ကဒီနေ့မနက် ကျောင်းကိုနောက်ကျမှရောက်လာတာ‌လေ..ရောက်တော့မြင်လိုက်ရတာက မျက်ရည်တွေစိုနေတဲ့မျက်အိမ်ကြိးနဲ့မျက်နှာကြီးကပြုံးဖြီးပြီးဟမ်ဘာဂါတွေစားနေတဲ့ Kim Taehyungကိုပင်။ မသိတဲ့ဘေးကသူစိမ်းမြင်ရင် ဟမ်ဘာဂါခုမှစားဖူးလို့အပျော်လွန်ပြီးငိုနေတဲ့လူလိုပဲ။

"Taehyung..ဘာဖြစ်နေတာလဲတစ်နေ့ကုန်ပြုံးဖြီးနေတာပဲ.."

"ဟဲဟဲ ဒီလိုပါပဲ"

"အော..."

"ဒါနဲ့ Minhoနဲ့အခြေအနေရော အဖြေပေးလိုက်ပြီလား?"

Taehyungဒီနေ့ကိုယ့်အပျော်နဲ့ကိုယ်ပျော်မြူးနေတာမလို့ Sunghoonကိုတောင် ဂရုမစိုက်မိ။ ခု‌သူကစပြီးလာခေါ်ပုံကိုကြည့်ရရင် ကိုယ့်ကိုစိတ်ဆိုးပြေသွားပြီထင်ပါရဲ့...။ စိတ်ဆိုးကလည်းပြေမှပဲလေ..မပြေရင်လည်း ဦးချပြီးတောင်းပန်ဖို့သာကျန်တော့မယ်..။

"ဘာလို့ပြေရမှာလဲ..ငါကသူ့ကိုပြန်ချစ်စရာလား"

"ချစ်ဖို့ပြောတာမဟုတ်ဘူး"

"ပြန်အဆင်မပြေဘူးဘယ်တော့မှ"

"အေးပါ ချစ်သွားကြမှ..ကိုကိုMinho ကိုကိုMinhoဖြစ်နေမယ်"

"ချီးကိုကိုMinhoတဲ့"

Sunghoonပြန်စမလို့ ပါးစပ်ဟန်ပြင်ရုံရှိသေး အခန်းထဲကိုဝင်လာတဲ့ဆရာJungkookကြောင့်ပါးစပ်ပိတ်လိုက်ရသလို ဟိုခုံကူးဒီခုံကူးလိုက်စကားပြောလိုက်လုပ်နေတဲ့ ကျောင်းသွားတွေအားလုံးသည်လည်း မီးခဲကိုရေနဲ့ငြိမ်းလိုက်သလို တိတ်ဆိတ်ကုန်သည်။ ကျောင်းသား/သူတွေအားလုံးက ဆရာJungkookကိုချစ်ကြောက်ရိုသေကြတယ်...စာသင်ရာမှာလည်းတော်ပြီ..သဘောကောင်းတော့ လူချစ်လူခင်ပေါလှသည်။ သဘောကောင်းတာကတော့..စည်းကမ်းပိုင်းထိန်းချုပ်ရေးတွင််မပါပေ။

"ဆရာတို့ နောက်အပတ်ထဲမှာ ကျောင်းသားကျောင်းသူလေ့လာရေးခရီးရှိပါတယ်...Busanကိုသွားကြမှာပါ. အဲ့ဒါလေ့လာရေးခရီးလိုက်မယ်ဆိုတဲ့လူရှိရင် ဆရာ့ရုံးခန်းကိုစာရင်းလာပေးသွင်းလို့ရတယ်နော်"

𝓨𝓮𝓼 𝓞𝓻 𝓨𝓮𝓪𝓱⁽ᶜᵒᵐᵖˡᵉᵗᵉᵈ⁾Where stories live. Discover now