Ep15

3.3K 281 5
                                    

Unicode

ကျောင်းမှာတစ်နေ့ကုန်စာသင်နေရပေမဲ့ညကျရင် ဘာအဖြေပေးမလဲဆိုတာကို‌တွေးပြီးရင်ခုန်နေမိတော့တာ။ ဘေးကSunghoonစိတ်ဆိုးနေတာလည်း မချော့အားတော့ဘူး။ ကိုယ့်အတွေးနဲ့ကိုယ်ပဲတစ်တီတူးပျော်မြူးနေတော့တာ။ Park Sunghoonကို Minhoကကြိုက်နေတယ်ဆိုတာကို သတိရမိပြန်တော့လည်း အဲ့ဒီနှစ်ကောင်ကိုအောင်သွယ်ပေးရမလားဆိုတဲ့အတွေးကဝင်လာပြန်သည်။ Minhoနဲ့ကျတော့လည်း Sunghoonကို စိတ်မချနိုင်ဘူး။ Sunghoonကရည်းစားတောင်ထားဖူးတာမဟုတ်ပါ။ Minhoကတော့ ပလေးဘွိုင်းကြီးလေ။ ကိုယ့်သူငယ်ချင်းလေး ပလေးဘွိုင်းနဲ့တွဲမိပြီး မျက်ရည်နဲ့မျက်ခွက်ဖြစ်မှာကိုတွေးပူနေရသေးသည်။ ဘေးဘက်ကိုကြည့်လိုက်တော့ စာအုပ်ထိုင်ဖတ်နေတဲ့Sunghoon.. သူ့မှာလည်း ကိုယ်နဲ့စိတ်ဆိူးစိတ်ကောက်ရင်စာအုပ်ပဲဖတ်နေရတယ်။ တခြားလုပ်စရာဆိုရှိကိုမရှိတာ...။

"Sunghoonလေး..."

စာအုပ်ဖတ်နေတုန်းဘေးကလာခေါ်တဲ့Kim Taehyung။ နေ့လည်စာစားချိန်ပြီးကတည်းက ပြုံးဖြီးနေတော့တာပဲ။ ဘာဖြစ်တာလဲတော့မသိ။ ကိုယ်မွှေလိုက်တဲ့ဇယားကလည်း အဆူခံအငေါက်ခံရမှာလေ။ ဆရာJungkookကလည်း Taehyungကိုဘယ်လိုဆူလိုက်လဲမသိပေ။ Kim Taehyungကတော့ ပါးစပ်နားရွက်တတ်ချိတ်လုနီးပါးပဲ။

"ပြောဘာလဲ"

"သတင်းထူးရှိတယ် နားထောင်ချင်လား"

Taehyungပြောလာတဲ့ သတင်းထူးဆိုတဲ့စကားကြောင့် စိတ်တော့ဝင်စားသွားသည်။ အဲ့ဒီကောင်ပြုံးနေရတဲ့ အကြောင်းအရင်းက အဲ့ဒီသတင်းထူးဆိုတဲ့ဟာနဲ့သက်ဆိုင်နေမှာအသေချာပဲ။ စိတ်ဆိုးနေပေမဲ့ သတင်းထူးကိုတော့ စိတ်ဝင်စားပါသည်။

"ပြောကြည့်လေ "

"မင်းကိုကြိုက်နေတဲ့လူရှိတယ်"

"အဲ့ဒါက သတင်ထူးလား?ငါ့ကိုကြိုက်နေတဲ့လူတွေက အများကြီးလေ"

တကယ်ပါပဲKim Taehyungကစကားမရှိ စကားရှာပြီးလာပြောနေတော့တာပဲ။ ကိုယ့်ကိုကြိုက်နေတဲ့လူရှိတယ်တဲ့ ကြိုက်နေတဲ့လူတွေများ များလွန်းလို့ ပုရွတ်ဆိတ်အုံလိုတောင်ဖြစ်နေတာပဲလေ။ အဲ့ဒါကိုများ သတင်းထူးလုပ်ပြီးလာပြောနေသေးတယ်။

𝓨𝓮𝓼 𝓞𝓻 𝓨𝓮𝓪𝓱⁽ᶜᵒᵐᵖˡᵉᵗᵉᵈ⁾Where stories live. Discover now