Ep18

2.7K 230 0
                                    

Uni

Taehyungမနေ့က ကျောင်းမသွားလိုက်ပေမဲ့ဆရာJungkookကသေချာရှင်းပြပေးတာမလို့ နားမလည်စရာပြဿနာကြီးကြီးမားမားမရှိ။ ညဘက်တုန်းက စာသင်ရင်းနဲ့တန်းအိပ်ပျော်သွားခဲ့မိတာ မနက်ရောက်တော့ ကုတင်ပေါ်တောင်ရောက်နေပြီ။ဆရာJungkookပဲ အိပ်ယာပေါ်ရွှေ့ပေးသွားတာဖြစ်မယ်။ကျောင်းသွားဖို့ အောက်ထပ်ကိုဆင်းလာတော့ Junghyungကို အဝတ်အစားလဲပေးနေတဲ့ ကိုကိုရယ်။ Junghyungကို ကိုကိုကအတော်ဂရုစိုက်ပေးတာ အလိုလည်းလိုက်ပေးတယ်။ အဝတ်အစားလဲတာကအစလုပ်ပေးနေတာ မသိရင်သူကိုယ်တိုင်မွေးထားသလိုပဲ။

"Kim Junghyungက လူကြီးဖြစ်နေပြီဆို ခုထိအကျီတောင်မဝတ်တတ်သေးဘူးလား"

အမြင်ကတ်ကတ်နဲ့ Junghyungကိုပြောလိုက်သည်။ Junghyungကတအားလေကျယ်တာ တစ်ခါလာရင်သူကခလေးမဟုတ်ကြောင်းတွေပြောပြီး ခုကျအဝတ်အစားပါလိုက်ဝတ်ပေးနေရတာလေ။ အရင်ကလည်း ဝတ်ပေးနေကျဆိုပေမဲ့ ကိုကိုဆရာကခုကိုယ့်ရဲ့ရည်းစားဖြစ်နေတော့ ကိုကိုဂရုစိုက်တာကိုကိုယ်ပဲခံချင်တာပေါ့။

"ကိုကိုTae...အဲ့ဒီလိုမပြောနဲ့နော်..TVထဲမှာဆို လူကြီးကြီးတွေကိုလည်း အမကြီးတွေက အဝတ်အစားဝတ်ပေးကြတာပဲ"

"အဲ့ဒါက လင်မယားတွေရည်းစား‌တွေလေ"

Kim Junghyungတို့ TVကြည့်ပြီးသင်ယူနေတာက ဒါတွေတဲ့။ ဇာတ်ကားထဲမှာ မင်းသားကို မင်းသမီးကအဝတ်အစားဝတ်ပေးတာတွေကို လိုက်ကြည့်ပြီးပြန်ပြောနေတာပင်။ တကယ်ပါပဲ ကိုယ်တွေငယ်ငယ်က Junghyungအရွယ်တုန်းကဆို နှပ်ချေးတွဲလောင်းနဲ့ဆော့ကောင်းတုန်းပဲ။ ခေတ်ရေစီးကြောင်းကတိုးတတ်လာတော့ ကလေးတွေကလည်းအတော်ကိုခေတ်မီတာမြန်လာလိုက်ပုံ။

"အဲ့ဒါဆို ဦးဦးJungkookနဲ့လင်မယားလုပ်လိုက်မှာပေါ့"

Junghyungပြောလိုက်တဲ့စကားကြောင့် Kim Taehyungမှာတော့မျက်နှာကြီးနီရဲတတ်လာအောင်ဒေါသထွက်သွားပေမဲ့ Jungkookကတော့ တဟားးဟားရယ်နေတယ်။ Jungkookအတွက် ကလေးကသူလိုချင်တာဖြစ်ချင်တာရဖို့မလ်ို့ ဒီလိုနားလည်ပေးနိုင်ပေမဲ့ Kim Taehyungကတော့ သူ့ညီကိုတစ်ဖြတ်ဖြတ်ပိုင်းခုတ်ပစ်ချင်လာတဲ့အထိကိုစိတ်တိုလာတာပင်။

𝓨𝓮𝓼 𝓞𝓻 𝓨𝓮𝓪𝓱⁽ᶜᵒᵐᵖˡᵉᵗᵉᵈ⁾Where stories live. Discover now