Final

6.4K 335 8
                                    

Uni

နောက်တစ်ရက်မှာ ဆရာJungkookက အိမ်ပြောင်းဖို့ပြင်ဆင်နေတော့ပြီ။ Taehyungစိတ်ထဲမှာ Jungkookကိုယုံကြည်စိတ်ရှိတာမလို့ Jungkookပြောသွားတဲ့စကားလုံးတိုင်းကိုလည်း အတည်တွေးမိပြီးယုံကြည်စိတ်ရှိနေတော့သည်။ ဖူးစာမပါရင်တောင် ပြန်တွေ့အောင်လုပ်မယ်လို့ ဆုံးဖြတ်ထားမိတဲ့ခံယူချက်ကလည်း Taehyungရဲ့အတွင်းစိတ်တစ်နေရာမှာကိန်းအောင်းနေတယ်။

--
ဆရာJungkookပြောင်းသွားတဲ့နေ့ကိုရောက်လာတော့ ခံစားရလားဆိုတော့ ပိုလို့တောင်ခံစားရပါသည်။စိတ်ရှိတိုင်းဆို မထွက်သွားပါနဲ့ ဖက်တွယ်စုတ်ကိုင်ထားမိမှာပေမဲ့ ကိုယ့်ကိုယုံကြည်တယ်မလားဆိုတဲ့ ဆရာJungkookရဲ့စကားကိုနားထဲပြန်ကြားယောင်မိတိုင်း တင်းခံထားမိတယ်။ ‌အကောင်းဆုံးအချိန်တွေရောက်လာဖို့ အဆိုးဆုံးအချိန်တွေကို အားတင်းပြီးဖြတ်ကျော်ရမှာပဲလေ။

ကျောင်းမှာလည်း အရင်လိုခင်မင်ရင်းနှီးတဲ့လူလိုတောင်မနေမိကြတော့...သာမန်ဆရာတပည့်ဆက်ဆံရေးဆိုတဲ့ဘောင်လေးကြားမှာအပိတ်ခံထားရပြန်သည်။ အချစ်ကိုခုငယ်ရွယ်တဲ့အချိန်ခါမို့လို့ ရူးမိုက်မိတာပါလို့ပြောဆိုပစ်တင်နိုင်ပေမဲ့ Taehyungအတွက်အချစ်ဦးဖြစ်တဲ့လူကို နောက်ဆုံးအချစ်တစ်သက်အချစ်အဖြစ် တွေးမှတ်ထားမိတာပင်။

သူငယ်ချင်းဖြစ်တဲ့Sunghoonကအနားကနေ နှစ်သိမ့်အားပေးပေမဲ့ ခံစားနေရတာကအပေါ်ယံမှမဟုတ်ဘဲ အတွင်းထဲကနစ်သိမ့်အောင်ခံစားရတာမလို့ နှစ်သိမ့်စကားများက အတွင်းဒဏ်ရာကိုတော့ မကုနိုင်ပါဘူးလေ။

---

စာသင်နှစ်ကုန်ဖို့ နောက်ဆုံးစာမေးပွဲကြီးကိုရောက်လာပြီ။ အကုန်လုံးက ကျောင်းအချိန်ပြီးဆုံးမှာမလို့ ပျော်နေကြပေမဲ့ ထိုလူတွေထဲမှာTaehyung‌ကတော့်မပါခဲ့ပါလေ။ အိမ်မှာတွေ့ခွင့်မရတော့တဲ့ မြတ်နိုးရသူကိုတွေ့ဖို့အခွင့်အရေးက ကျောင်းတတ်ချိန်ပဲရှိတယ်။

"Taehyung..."

ပြတင်းပေါက်ကနေ အပြင်ဘက်ကချယ်ရီပွင့်ဖက်တွေကြွေနေတာကို ကြည့်နေချိန် ဘေးကလာခေါ်တဲ့အသံ။ ထိုအသံပိုင်ရှင်က နှစ်ယောက်မရှိတဲ့မြတ်နိုးရသူအသံပါလေ။

𝓨𝓮𝓼 𝓞𝓻 𝓨𝓮𝓪𝓱⁽ᶜᵒᵐᵖˡᵉᵗᵉᵈ⁾Where stories live. Discover now