Ep5

3.4K 335 1
                                    

Unicode

ကောင်းကင်အပြာရောင်ကြီးရယ် တိမ်စိုင်ဖြူလေးတွေ‌ရယ် Playlistထဲက Fav songလေးရယ်က တစ်နေ့တာရဲ့မနက်ပိုင်းအချိန်အခါလေး။ နားကြပ်ကလေးတပ်ပြီး ဘတ်စ်အပြင်ဘက်ကရှုခင်းတွေကြည့်ရင်း ကျောင်းသို့သွားနေသည်။ ဒီနေ့မနက်အတော်လေးကိုကံဆိုးခဲ့တာ ထီးရိုးနဲ့လည်းအထုထောင်ခံလိုက်ရသေးသည်။ ခုနကကျောင်းကားပေါ်တပ်လာတော့လည်း အကျီကြယ်သီးမှားတပ်ထားမိတော့ သူငယ်ချင်းတွေစနောက်တာခံလိုက်‌ရသေးသည်။

ကျောင်းရောက်တော့ အဆောင်ဝရန်းတာမှာစကားစုပြောနေတဲ့Sunghoonတို့နဲ့တွေ့တာမလို့ စကားပြောနေလိုက်တာနဲ့ အခန်းထဲတန်းမသွားဖြစ်သေးဘူး။ ခဏလောက်ကြာတော့ ဆရာJungkookနဲ့ ‌မျောက်လောင်းကောင်Junghyungရောက်လာသည်။ဆရာJungkookက Junghyungကို အရင်သွားပို့တာထင်သည် အဆောင်ပေါ်ကိုမတတ်လာဘဲ ဟိုဘက်အဆောင်ကိုကွေ့ထွက်သွားသည်။ သူ့အခန်းကိုလာဖို့ဆို ကိုယ့်နားကဖြတ်သွားရမှာလေ။ ဒီဘက်ကမလာရင်တော့ ကိုယ်နဲ့မတိုးချင်လို့ဖြစ်မည်။ အဲ့ဒီလိုတွေးမိလိုက်တော့လည်း လူကဝမ်းနည်းလာသလိုလိုပင်။ ခေါင်းကိုခါထုတ်ပြီး အတွေးထဲကဖျောက်ပစ်လိုက်သည်။

Sunghoonတို့နဲ့စကားပြောရင်း လှေကားပေါ်ကိုအကြည့်ရောက်မိတော့ အညိုရောင်လက်ဆွဲအိတ်ကိုဆွဲပြီးတတ်လာတဲ့ဆရာJungkookကိုတွေ့လိုက်ရတယ်။ တမင်ကြီးစိုက်ကြည့်မိတာမဟုတ်ပေမဲ့ ဆရာJungkookလှေကားတစ်ထစ်ချင်းစီကိုတတ်လာတဲ့ ခြေလှမ်းတွေကအစကြည့်နေမိသည်။ လမ်းလျှောက်လာပုံကိုကစမတ်သိပ်ကျလွန်းတဲ့ အဲ့ဒီလူကြီးကိုကြည့်မိတိုင်းခံစားချက်က တစ်မျိုးတစ်ဖုံပြောင်းပြောင်းသွားသည်။

သူ့ကိူကြည့်နေရင်း ဆရာJungkookကကိုယ့်ကိုကြည့်လာတာမလို့ မသိချင်ယောင်ဆောင်ပြီးမျက်စောင်းထိုးလိုက်သည်။ သဘောကျချင်‌စရာကောင်းပေမဲ့ ဆရာJungkookဆိုအရွဲ့တိုက်ချင်နေတဲ့စိတ်က တကယ်ထိန်းမနိုင်သိမ်းမရပဲ။

ဆရာJungkookဆီက အကြည့်လွှဲပြီးဘေးဘက်ကိုလှည့်လိုက်တော့ ပြုံးပြုံးကြီးစိုက်ကြည့်နေတဲ့ Sunghoonနဲ့တည့်တိုးပါလေရဲ့။ ဒီငတုံးကောင်ကလည်း လိမ်ထားတာကြာနေပြီ ခုထိကိုသူ့ကိုယ်သူအညာမိနေမှန်းမသိရှာသေးဘူး။ သူ့ဘာသာတုံးတာက ကိစ္စမဟုတ်ပေ။ ကိုယ်ကသူ့ကိုတစ်နေ့တစ်နေ့ မဟုတ်တဟုတ်ပေါက်ကရလုပ်ကြံဇာတ်လမ်းတွေပြောပြနေရတာ။ ခုလည်း ခုနကလှေကားကတတ်လာတာကိုစိုက်ကြည့်မိတာကို Romanceထင်နေပြန်ပြီထင်ပါရဲ့။ Sunghoonကအရင်ကအရမ်းလည်အရမ်းပါးနပ်တာတာ ဒါပေမဲ့ခုတော့တုံးလိုက်တာ‌များ ညာရတဲ့ကိုယ်တောင်စိတ်ကုန်လာတယ်။

𝓨𝓮𝓼 𝓞𝓻 𝓨𝓮𝓪𝓱⁽ᶜᵒᵐᵖˡᵉᵗᵉᵈ⁾Where stories live. Discover now