Ep11

2.9K 275 2
                                    

Uni

Taehyungမွေးနေ့ပွဲကအပြန်.. တစ်ရက်လုံးအရက်နာကျ‌တာကအဆင်မပြေပါ။ အဲ့ဒါတောင် ဆရာJungkookချက်ပေးထားတဲ့ အမူးပြေဟင်းချိုလေးကြောင့် နေသာထိုင်သာအနည်းငယ်အဆင်ပြေသွားတာ။ မဟုတ်လို့သာဆို ခေါင်းကချားရဟတ်လ်ို့ပတ်ပတ်လည်နေ‌တာရပ်တော့မည်မဟုတ်တော့ပေ။ ဒီနေ့က ကျောင်းသွားရမည့်နေ့ဖြစ်သည်။ အိပ်ယာကစောစောထဖြစ်တယ်။ အခြားအကြောင်းအရာကြောင့်တော့မဟုတ်ပေမဲ့ ကျောင်းမသွားခင်ရေချိုးချင်လို့သာဖြစ်သည်။ အဲ့ဒီနေ့ကတည်းက ရေခဏခဏချိုးခဲ့ပေမဲ့ အဲ့ဒီချဥ်စုတ်စုတ်အနံ့ရနေတာပျောက်ကိုမသွားတော့ပေ။ အနံ့ကိုပဲနှာခေါင်းကစွဲနေလို့လားဒါမှမဟုတ် ခန္ဓာကိုယ်ကပဲခုထိအနံ့ကမပျောက်သေးဘဲစွဲကျန်နေတာလားမသိတော့ဘူး။ ရေချိုးဖို့အခန်းထဲကို ဝင်သွားတော့ ရေဘားကလှည့်ဖွင့်လိုက်ပေမဲ့ပွင့်မလာရေတစ်စက်လေးတောင်ကျမလာ။ ရေပျက်ကုန်တာလားဆိုပြီး ဘေစင်ကရေပန်းက်ိုဖွင့်လိုက်တော့ရေကကျလာတယ်။ ရေပန်းပျက်သွားတာဖြစ်မည်ထင်သည်။

အောက်ထပ်ကရေချိုးခန်းကိုပဲသွားချိုးရတော့မည်။ ရေချိူးဖို့ ပစ္စည်းအစုံအလင်ယူပြီးအောက်ထပ်သို့ဆင်းလာလိုက်တယ်။ ရေချိူခန်းထဲမဝင်ခင် တစ်ယောက်ယောက်များ Toiletထဲရောက်ပြီးအိမ်သာတတ်နေမလားဆိုပြီး တံခါးခေါက်ရသေးသည်။ အိမ်သာနဲ့ရေချိုးခန်းကတစ်ဆက်တည်းဆိုတော့လည်း မဝင်ခင်တံခါးခေါက်ရတာအလုပ်တစ်လုပ်လိုဖြစ်နေသည်။ တံခါးကို‌သုံးလေးချက်လောက်ခေါက်ပေမဲ့ဘယ်သူမှအသံမထွက်လာ.. ကြည့်ရတာ Toiletထဲမှာလူမရှိပုံရသည်။ နောက်ဆုံးတစ်ချက်ထပ်ခေါက်ကြည့်လိုက်တော့ တံခါးကပွင့်လာသည်။

"ဟင် "

တံခါးနောက်ကထွက်လာတာကြီးက ဆရာJungkook။ ရိုးရိုးတောင်မဟုတ် အကျီတောင်မဝတ်ထားဘူး။ မြင်နေရတဲ့ရင်အုပ်ကျယ်ကျယ်ကြီးက ဖြူဖြူဖွေးဖွေးကြီး၊ဆံပင်တွေကလည်း ရေစိုနေပြီးရေစက်အချို့ကျနေသည်။ခန္ဓာကိုယ်မှာကပ်နေတဲ့ရေစက်တွေကပိူပြီးဆွဲဆောင်မှုရှိအောင်လုပ်ပေးနေပြန်တယ်။ ဘယ်ဘက်ရင်အုံကအကောင်ပေါက်က ထခုန်လာပြီးခံစားချက်ကြီးကတစ်မျိုးဖြစ်လာသည့်အထိပင်။
ဗိုက်မှာ ရှိနေတဲ့ကြွက်သွားတွေကလည်းအမြှောင်းလိုက်ကြီးနဲ့အတော်ကိုဆွဲဆောင်မှုရှိသည်။မျက်လုံးအကြည့်ကအောက်ကိုဆင်းသွားမိမှ အောက်မှာကသဘက်တစ်ထည်တည်းပတ်ထားသည်။Taehyungခုမှအငမ်းလွန်တာများသွားပြီးအတွေးထဲက ရုန်းထွက်ပြီးအလန့်တကြားထအော်တော့တယ်။

𝓨𝓮𝓼 𝓞𝓻 𝓨𝓮𝓪𝓱⁽ᶜᵒᵐᵖˡᵉᵗᵉᵈ⁾Where stories live. Discover now