Ep14

2.8K 265 1
                                    

Uni

Sunghoonဒီနေ့နဲ့ဆို Kim Taehyungကိုစိတ်ဆိုးနေတာ၃ရက်လောက်ရှိပြီ။Kim Taehyungကလည်း သူ့ကိုစိတ်မညစ်ဘဲအသည်းသန်လိုက်ချော့ရှာပါတယ်။ ကိုယ်ကလည်း အမှန်ဆိုသူ့ကိုစိတ်ဆိုးပြေချင်သလိုဖြစ်နေပြီဆိုပေမဲ့ ဟိုတစ်နေ့က Minhoနဲ့အတူတူလာတဲ့ကိစ္စကိုပြန်တွေးမိရင် ပြေချင်တဲ့စိတ်ဆိုတာ ကြက်ပျောက်ငှက်ပျောက်ပဲ။Kim Taehyungဆိုတာ ဟိုးငယ်ငယ်လေးကတည်းကခင်လာပြီးအချစ်ဆုံးတွေသူငယ်ချင်းတွေဖြစ်နေကြတာ‌။
ကျောင်းမှာဆို စာသင်ချိန်တောင်မရှောင် ဆရာJungkookကိုငမ်းနေလိုက်တာမျက်လုံးတောင်ကျွတ်ကျမတတ်ပဲ။ အပြစ်ပြောတာတော့မဟုတ်ပေမဲ့ ချစ်ရင်လည်းချစ်တယ်ပြောပြီးအ‌ဖြေပေးလိုက်တော့ပေါ့။

"Sunghoonလေးရေ...."

အခုလည်း နေ့လည်စာစားချိန်မလို့ကန်တင်းသွားထိုင်မလို့ရှိသေးပါတယ်။ အနောက်ကနေSunghoonလေးရေ ဆိုပြီးလိူက်လာပြန်ပြီ။ Sunghoonလေး Sunghoonလေးဆိုပြီး အနောက်ကလိုက်လိုက်လာတာ ကလေးကနို့ဆာလို့ နို့သောက်ချင်လို့ကလေးအမေနောက်လိုက်နေသလိုဖြစ်နေသည်။
မကြားချင်ယောင်ဆောင်ပြီးအနောက်ကအော်ခေါ်ပြီးလိုက်လာသည်။

"Sunghoonလေး ... Sunghoonလေးရေ"

"ဟေ ဟေ ပြောပြော"

အနောက်ကလိုက်တာကိုမရပ်မှတော့ နောက်ဆုံးကိုယ်ကပဲမသိချင်ယောင်ဆောင်တာကိုအလျော့ပေးလိုက်ရတော့သည်။ ဟူးးး Kim Taehyungနဲ့တော့တကယ်ကိုမလွယ်ပါဘူး။

"ဟီး  စိတ်ဆိုးပြေပြီလားဟင်"

မျက်နှာကိုစပ်ဖြဲဖြဲလုပ်ပြီးလာရယ်ပြနေတဲ့ Kim Taehyungက ကလေးရုပ်လးပေါက်နေပေမဲ့ အမြင်ကသိပ်မကြည်နေတော့ ထုထုရိုက်ပစ်ချင်စိတ်သာပေါက်နေတော့တယ်။ မေးတဲ့စကားကလည်း စိတ်ဆိုးပြေပြီလားတဲ့ စကားပြောတဲ့လေသံက ဆောင့်အောင့်ပြီးထွက်လာတာတောင် စိတ်ဆိုးပြေပြီလားမေးနိုင်တဲ့ Kim Taehyungကိုခြေရောလက်ရောမြှောက်လိုက်ပါပြီ။

Sunghoonကို လိုက်ချော့နေရတာရက်အတော်ကြာနေပြီ။ ခုထိကိုစိတ်ဆိုးမပြေနိုင်သေးတဲ့ Park Sunghoonကလည်း ဘယ်လိုချော့နည်းမျိုးနဲ့အချော့ခံချင်နေမှန်းကို မသိတော့ဘူး။ တော်ရုံတန်ရုံစိတ်မရှည်တဲ့ကိုယ့်လိုလူကတောင် အကြာကြီးလိုက်ချော့ပေးနေတာတောင် စိတ်ဆိုးမပြေသေးတာက တစ်ဆိတ်လောက်တော့ လွန်သွားပြီမလား။ Minhoကို အဲ့ဒီနေ့ကလိုက်ပို့ခိုင်းတာကို မကျေနပ်နေတာလည်းပါလိမ့်မည်ထင်သည်။ ဒါပေမဲ့ အဲ့ဒါက သူ့ကိုလိုက်ရှာချင်လို့ အကူအညီတောင်းခဲ့တာလေ အဲ့ဒါကိုခုလိုနားမလည်ပေးတာတော့ နည်းနည်းအမြင်ကတ်လာသည်။

𝓨𝓮𝓼 𝓞𝓻 𝓨𝓮𝓪𝓱⁽ᶜᵒᵐᵖˡᵉᵗᵉᵈ⁾Where stories live. Discover now