Ep16

2.9K 254 3
                                    

Unicode

Jungkookမနေ့ညက Taehyungနဲ့Dateပြီးပြန်လာလိုက်ကတည်းက တန်းအိပ်ပျော်သွားတာ ခုမနက်မိုးလင်းမှနိုးတယ်။ စားပွဲပေါ်က နာရီလက်တံက ၇နာရီတောင်ထိုးနေပြီဖြစ်ကြောင်းညွှန်ပြနေသည်။ Taehyungနဲ့ရည်းစားဖြစ်တာ တစ်ရက်ရှိပြီပေါ့..ဆိုတဲ့အတွေးလေးက ဘာမဆိုင်ညာမဆိုင်ဝင်လာမိတာနဲ့အတူ အပြုံးတစ်ချို့ဖြစ်ပေါ်လာတယ်။ Kim Taehyungဆိုတဲ့ကောင်လေးကို ပိုင်တာက Jeon Jungkookဆိုတဲ့ငါပဲဆိုတဲ့ခံစားချက်ကြီးက ကောင်းကင်ပေါ်ပျံနေရသလိုပဲ။ မျက်နှာသစ်ဖို့ ‌ထွက်လာလိုက်ပေမဲ့ Taehyungကိုစောစောထဖို့ သွားနှိုးရမလားဆိုတဲ့အတွေးကြောင့် အိမ်ပေါ်ထပ်သို့တတ်သွားလိုက်သည်။
ဒီကလေးကို လိမ္မာအောင်ဆုံးမပေးလို့ရမဲ့ရာထူးက တစ်ဆင့်ထပ်မြင့်သွားပြီလေ။ ဆရာ၊အဖေ့သူငယ်ချင်းဆိုတဲ့အရာထက်ပိုပြီတော့ပေါ့။

တံခါးပေါက်ကိုဘယ်တော့မှလော့ချမအိပ်တတ်တဲ့Taehyungအကျင့်ကြောင့် တံခါးနှစ်‌ချက်လောက်သာခေါက်ပြီးအထဲသို့ဝင်သွားလိုက်သည်။ အိပ်ရာထက်မှာ စောင်တွေနဲ့လုံးထွေးပြီးအိပ်နေတဲ့ကောင်လေးက ဝက်ဝံလေးလိုပဲ။ ပြတင်းပေါက်ကနေ နေဆရာင်ဝင်လာအောင် ခန်းဆီးစကိုလှပ်ပေးလိုက်သည်။ အိပ်နေတဲ့Taehyungလေးက မျက်နှာပေါ်ကိုနေရောင်ကျလာတာနဲ့ လူးလှိမ့်ပြီးအိပ်ရာတစ်ဖက်ခြမ်းသို့လှည့်သွားသည်။

အိပ်ရေးမက်တဲ့ဝက်ဝံလေးလိုပဲ ခေါင်းပေါ်ကဆံပင်ကောက်ကွေးလေးတွေကငှက်သိုက်လေးတွေလိုပင် ရှုတ်ပွနေသည်။ စားသောက်တဲ့အချိန်ဆိုလည်း ဘဲနှုတ်သီးလေးလိုဆူထွက်လာတဲ့နှုတ်ခမ်းလေးကရှိ‌‌သေးတယ်။ စကားပြောရင် သွက်သွက်လေးနဲ့မဟုတ်တရုတ်ပေါက်တတ်ကရတွေကပြောတတ်သေးတာ။ တကယ့်ကိုခလေးဆိုးလေးလိုပါပဲ။

"Taehyungထတော့လေ... "

"အင်းးးး"

"ထ.. ထ မိုးလင်းနေပြီ"

မနက်စောစောစီးစီး မျက်နှာပေါ်နေထိုးလာတာနဲ့အားမရလို့ လာနှိုးနေတဲ့ လူက ဘယ်သူလဲဆိုပြီး Taehyungမျက်လုံးဖွင့်ကြည့်လိုက်တော့ ဆရာJungkookဖြစ်နေသည်။
Taehyungညတုန်းက တော်တော်နဲ့အိပ်မပျော်ခဲ့ဘူး။ ဟိုဆရာJeon Jungkookကြောင့်ပေါ့။ Yes or Yeahထဲကတစ်ခုပဲ ရွေးရင်အဆင်ပြေနေပြီဟာကို။ Yes or Yeahထက်ပိုလေးနက်တာတွေဘာတွေနဲ့လူကိူ ရူးအောင်လုပ်နေသလိုပဲ။ သာမန်ဒီတိုင်းထိုင်နေရင်တောင် Kim Taehyungကတဖြုတ်ဖြုတ်ကြွေနေပါတယ်ဆို အဲ့ဒီလိုကြီးပြောလိုက်တော့ ရင်တွေခုန်ပြီးအော်ပြေးမိခဲ့တာပေါ့။

𝓨𝓮𝓼 𝓞𝓻 𝓨𝓮𝓪𝓱⁽ᶜᵒᵐᵖˡᵉᵗᵉᵈ⁾Where stories live. Discover now