Ep8

3K 281 0
                                    

Uni

Taehyungညက ဆေးသောက်ဆေးလိမ်းပြီးအိပ်လိုက်တာ မနက်ထိတရေးတည်းအိပ်ပျော်သွားသည်။ ဆေးရှိန်ကြောင်ပါမည်ထင်သည် အတော်ကိုအိပ်လို့ကောင်းသည်။အမှန်ဆို‌နိုးနေအုံးမှာမဟုတ်ပေ။ တံခါးခေါက်သံ တဒေါက်ဒေါက်ကြားနေရတာမလို့ ဆက်အိပ်လို့မပျော်တော့ပေ။ ဘယ်သူတွေများခုချိန်လာတံခါးခေါက်နေလည်းမသိဘူး။

အိပ်ရာကထမလို့ ကုန်းထလိုက်တော့ ခိုက်မိထားတဲ့ခြေကျင်းဝတ်ကစစ်ကနဲနာသွားမှ ခိုက်မိထားမှန်းသတိရသည်။ခုချိန်ကြီးလာနှိုးနေတာ ဘယ်သူလည်းမသိ။ ဒီနေ့က Sundayလေကျောင်းသွားစရာလည်းမလိူဘူး Holiday‌ပဲဟာကို အရင်အပတ်တွေကဆို ပိတ်ရက်တိူင်းနေ့လည်လောက်မှအိပ်ရာကထနေကြပဲကိူ ဖေဖေမေမေတို့ကလည်းအရင်နေ့တွေကလာမနှိူးပါဘူး။ အိပ်ရာကထပြီးတံခါးသွားဖွင့်ပေးလို့ကလည်းမရတော့ ဝင်ခဲ့ဖို့ပဲပဲလှမ်းပြောလိုက်ရသည်။

"ဘယ်သူလဲဟင် ဝင်လာလို့ရတယ်နော် ‌ကျွန်တော်လော့မချထားဘူး.."

တံခါးကိုဖွင့်ပြီးအခန်းထဲကိုဝင်လာတဲ့လူက ဆရာJungkookဖြစ်သည်။ နေပါအုံး အမြင်များမကောင်းတော့တာလား?ဆရာJungkookက ကျွန်တော့်အခန်းထဲလာစရာမှမလိုတာ။ ကျွန်တော့်ဆီကို လျှောက်လာတဲ့သူက အရင်နေ့တွေကလိုပဲချောမောနေတုန်းပဲ။ တကယ်လား အိပ်မက်လား လူများမှားတာလား။

"Taehyung မျက်နှာသစ်ဖို့လာခေါ်တာ"

ဘာလဲ?တကယ်ကြီးလား ဆရာJungkookကအတည်ကြီး ကျွန်တော့်အခန်းထဲကိုရောက်နေတာပေါ့။ ဘေးပတ်ပတ်လည်အခန်းကို ကြည့်မိလိုက်တော့ အဝတ်အစားတွေကိုတောင်လိုပုံထားပြီး မုန့်ထုတ်အခွံတွေကလည်းခုချိန်ထိမလွှတ်‌ပစ်ရသေးဘူး။ စာအုပ်စင်ကျတော့လည်း မကိုင်ပါများမှန်းသိသာချက်က ဖုန်တောင်ထူနေပါသည်။ အားး ရှက်လိုက်တာ ဘာလို့များအခန်းထဲဝင်လာတာလဲ။ မျက်နှာသစ်ဖို့လာခေါ်ရအောင် ဖေဖေတို့မေမေတို့ကမအားတော့တာလား။

"ထလို့ Taehyung.. ခုထိအိပ်မက်ကမနိူးသေးတာလား"

Jungkookအခန်းထဲကို ဝင်လာကတည်းက ပြူးပြူးလေးလုပ်ပြီးကုတင်ပေါ်မှာထိုင်နေတာ ခုထိလည်းဘာစကားမှမပြောတော့ ပြန်အိပ်သွားတာလားတောင်ထင်ရသည်။ ဒီကလေးက အမျိုးစုံကိုကြိုးခုန်ပြီးလုပ်နေတော့ မျက်လုံးဖွင့်ပြီး အိပ်တတ်ရင်လည်းအိပ်တတ်မှာပဲလေ။ ခေါင်းပေါ်ကဆံပင်ကလည်း ငှက်သိုက်လိုပဲရှုတ်ပွနေသည်။

𝓨𝓮𝓼 𝓞𝓻 𝓨𝓮𝓪𝓱⁽ᶜᵒᵐᵖˡᵉᵗᵉᵈ⁾Where stories live. Discover now