Ep13

2.6K 252 2
                                    

Uni

Taehyungဟိုတစ်နေ့က ကျောင်းပိတ်ရက်မှာSunghoonနဲ့လျှောက်လည်တဲ့နေ့တုန်းက Sunghoonကိုပြန်လွှတ်လိုက်တဲ့ပြစ်မှုကိုစိတ်ဆိုးနေတဲ့ Sunghoonကိုခုကျောင်းပြန်ဖွင့်တော့ လိုက်ချော့ရမည်။ လွယ်လွယ်နဲ့စိတ်မဆိုးတတ်တဲ့Sunghoonက စိတ်ဆိုးလာရင်လည်းတော်တော်နဲ့ချော့လို့မရ။ ဆရာJungkookက ကိုယ့်ကိုကြိုက်နေတယ်လို့လိမ်ထားတဲ့ကိစ္စကိုများသိသွားရင် တစ်သက်လုံးစိတ်ဆိုးသွားမှာတောင်စိုးရိမ်မိတယ်။ အဲ့ဒီကိစ္စကိုလည်း မြန်မြန်ဖြေရှင်းရမည်။ Sunghoonကို ကျောင်းရောက်ကတည်းက လိုက်ရှာနေတာတစ်နေရာမှာမှမတွေ့။ စာသင်ခန်းထဲရှာတော့လည်း မတွေ့၊ကန်တင်းမှာလည်းလိုက်ရှာပေမဲ့ အရိပ်လေးတောင်မတွေ့ရ။ စာကြည့်တိုက်မှာများရောက်နေမလားဆိုပြီး သွားရှာဖို့ထွက်လာလိုက်သည်။

စာကြည့်တိုက်မှာလည်းတွေ့နိုင်ဖို့ကအခွင့်အရေးအရမ်းနည်းတယ်။ဒီကောင်အကျင့်က ကိုယ်နဲ့လည်းအတူတူပဲလေ။ စာအုပ်ဆိုရင်ကာတွန်းစာအုပ်ကလွဲပြီးဖတ်တတ်တဲ့အကျင့်ကမှမရှိတာ။
စာကြည့်တိုက်ရောက်တော့ စာအုပ်စင်တွေကြား၊စားပွဲတွေတိုင်းသေချာလိုက်ရှာပေမဲ့ အမြှီးစလေးတောင်မမြင်ရဘူး။ ကောင်တာမှာထိုင်နေတဲ့ စာကြည့်တိုက်မှုးကိုသွားမေးဖိုပဲကျန်တော့သည်။

"မေးစရာရှိလို့ဗျ"

"မေးလေ Taehyung.. စာကြည့်တိုက်ကို မလာစဖူးလာလို့ပါ့လား"

စာကြည့်တိုက်မှုးကြီးအသက်က ၅၀နီးပါးလောက်တော့ရှိတော့မည်ထင်ပါရဲ့။ Sunghoonနဲ့ကိုယ်က  ဟိုးငယ်ငယ်လေးကတည်းက ဒီကျောင်းမှာတတ်လာကြတာဆိုတော့ စာကြည့်တိုက်မှုးကြီး အတော်အတန်ရင်းနီးတယ်။ ငယ်ငယ်ကတော့ ကာတွန်းစာအုပ်တွေဖတ်ဖို့ ခဏခဏလာဖြစ်ပေမဲ့ အသက်ကြီးလာတော့ ကိုယ့်ဘာသာဝယ်ဖတ်လိုက် အင်တာနက်ပေါ်ကဖတ်လိုက်နဲ့ စာကြည့်တိုက်ဘက်ကိုတစ်လတစ်ခါလောက်တောင်မရောက်ဖြစ်တော့ဘူး။

"Sunghoonကိုသိတယ်မလား ဦးလေး"

"အော် သိတာပေါ့ "

"ဟီးဟုတ်သားပဲ... စာကြည့်တိုက်ကို သူလာသေးလားဟင်"

"Sunghoonလား? မလာဘူးထင်တယ်.  မြင်တော့မမြင်မိဘူး.. လာရင်တော့ဦးလေးကို လာနှူတ်ဆက်မှာပဲလေ"

𝓨𝓮𝓼 𝓞𝓻 𝓨𝓮𝓪𝓱⁽ᶜᵒᵐᵖˡᵉᵗᵉᵈ⁾Donde viven las historias. Descúbrelo ahora