Ep20

3K 245 4
                                    

Uni

Taehyungတို့ကျောင်းလေ့လာရီးခရီးထွက်ဖို့ရက်က မနက်ဖြန်ပင်။ တစ်ပတ်တာလုံးကုန်ဆုံးရင်း လေ့လာရေးခရီးအတွက်ရင်ခုန်စိတ်လှုပ်ရှားခဲ့တာ။ ခုလိုကြီးလက်တွေ့ကာလမှာ သွားရတော့မယ်ဆိုတော့ ပိုပြီးစိတ်လှုပ်ရှားရင်ခုန်နေမိတော့တာပင်။ အဝတ်အစားတွေထည့်ဖို့ ဘာထည့်ဖို့ထည့်ရမလဲလည်း မတွေးတတ်တော့။ ထည့်ချင်နေတဲ့အဝတ်အစားက ခပ်များများရယ်။

အခန်းထဲကထွက်လာပြီး ကိုကို့ရဲ့အခန်းသို့ဆင်းလာလိုက်သည်။ ဒီနေ့Sundayကျောင်းပိတ်ရက်ဆိုတော့ ကိုကိုလည်းအိမ်မှာရှိနေသည်။

"ဒေါက် ဒေါက် ဒေါက်"

"ဝင်ခဲ့လေ လော့မချထားဘူး"

တံခါးကို ခပ်ဖွဖွခေါက်လိုက်တော့ အခန်းထဲကဝင်ခဲ့ဖို့ခွင့်ပြုတဲ့အသံကတန်းကပ်ပါလာသည်။ တံခါးလှပ်ပြီးဝင်လာလိုက်တော့ စားပွဲပေါ်မှာစာရွက်အထပ်တစ်အုပ်နဲ့ အလုပ်ရှုတ်နေတဲ့ကိုကို့ကို တန်းတွေ့ရသည်။ ခုထိသူဝင်လာမှန်းမသိသေးတဲ့ ကိုကိုက အာရုံစူးစိုက်မှူအားကောင်းနေသည့်ပုံ။

"ကိုကို"

အနားကပ်သွားပြီး ကိုကို့ကိုခေါ်လိုက်တော့ တန်းလှည့်ကြည့်လာတဲ့ကိုကို။ မျက်မှန်တပ်ထားတဲ့ပုံကပင် အတော်ကိုချောမောနေတာ။ ကိုယ့်ရည်းစားမလို့ ကိုယ်ချီးမွမ်းတာမဟုတ်ပေမဲ့ အိိမ်မှာနေနေတဲ့ပုံစံကအစ ကိုကိုကဘယ်အချိန်ကြည့်ကြည့်ချောနေတာပင်။

"Taehyung ဘာကိစ္စရှိလို့လဲ"

"ကိုကိုနဲ့ တိုင်ပင်စရာရှိလို့လေ အားရဲ့လား"

"အားပါတယ်ဗျ ဘာတ်ိုင်ပင်မလို့လဲ"

အခန်းထဲဝင်လာပြီး ကိုကိုနဲ့တိုင်ပင်စရာရှိလို့ဆိုတဲ့ကောင်လေးက ကြက်တောင်စီးလေးနဲ့ချစ်စရာကောင်းနေသည်။ Kim Taehyungအလှကို တစ်သက်လုံးထိုင်ကြည့်နေတာတောင် ရိူးအီသွားမည်မထင်ပါ။ လူကြီးလေးလို တိုင်ပင်ချင်လို့ဆိုတဲ့ကောင်လေးက အားလားလိူ့မေးလာတာကိုလည်း အားပါတယ်လို့ အမြန်စကားပြန်လ်ိုက်ရသည်။ အမှန်ဆို ကျောင်းက ကျောင်းသားကျောင်းသူတွေရဲ့အမှတ်စာရင်းကိုစစ်နေတာမလို့ အလုပ်ရှုတ်နေပေမဲ့ ချစ်သူရည်းစားလေးကို မအားဘူးလို့ ငြင်းလွှတ်လိုက်ရင် နှုတ်ခမ်းလေးထော်ပြီးရွှေစိတ်တော်ညှိုးသွားမှာကို မလိုလားပေ။

𝓨𝓮𝓼 𝓞𝓻 𝓨𝓮𝓪𝓱⁽ᶜᵒᵐᵖˡᵉᵗᵉᵈ⁾Where stories live. Discover now