Ep23

2.8K 230 5
                                    

Unicode

Taehyungတို့ကျောင်းက ဒီနေ့လေ့လာရေးခရီး၃ရက်ပြည့်တာမလို့ ပြန်ကြတောမည်ဖြစ်သည်။ Taehyungကတော့ ဆရာJungkookနဲ့အတူနေခဲ့မှာဖြစ်၍ ဘာမှဝမ်းမနည်းပေ။ Park Sunghoonနဲ့ကျောင်းသားအများစုကတော့ မပြန်ချင်သေးတာမလို့ မျက်နှာကမရွှင်မလန်းဖြစ်နေကြတယ်။ Busanလိုကမ်းခြေလည်းရှိပြီးSeoulမြို့နီးပါးတိုးတတ်‌တဲ့နေရာမှာကျောင်းသားတွေနေချင်ကြတာမဆန်းပေ။

"လမ်းမှာသေချာဂရုစိုက်နော်...ငါမပါတော့ မင်းကိုစိတ်မချဘူး"

ဒီလို စကားမျိုးကိုမပြန်ခင်အခေါက်ပေါင်းမနည်းKim Taehyungဆီက ကြားရလွန်းလို့ Sunghoonနားစည်တွေတောင်ပေါက်ထွက်လုနီးပါးပင်။ စိတ်မချရင်ပြန်လိုက်ခဲ့ပါ့လားဆိုတော့လည်း သဘောမတူပြန်ပါ။ သူ့ရည်းစားနဲ့တစ်ပတ်တောင်အေးအေးဆေးဆေးBusanမှာနေရာမှာမလို့ အခွင့်အရေးကိုလုံးဝလက်လွှတ်မခံနိုင်ပါဘူးတဲ့လေ။

ကားက နေ့လည်၂နာရီမှထွက်မှာမလို့ Sunghoonတို့က ကားနားကို ၁နာရီခွဲလေုက်ကတည်းကရောက်ထားမှဖြစ်တာမလို့ အဝတ်အစားထုတ်ကိုဆွဲပြီးထွက်လာကြသည်။ ဘေးကနေကို့ရို့ကားယားအကျႅီအပွကြီးနဲ့ လိုက်လာတဲ့Kim Taehyungကြောင့်ပိုလို့တောင် စိတ်ရှုတ်နေရသည်။

"ပြန်တော့လေ မင်းရည်းစားကြီးစောင့်နေမှာမလား"

"ရပါတယ် ကိုကိုကမင်းတို့လူစုတဲ့နေရာမှာစောင့်နေမှာ "

ဘေးနားကနေ မြန်မြန်ထွက်သွားမလားဆိုတဲ့စိတ်လေးနဲ့ ကြံဆပြီးပြောလိုက်ပေမဲ့ သူ့ရည်းစားက ကြိုရောက်ပြီးစောင့်နေမှာပါတဲ့လေ။ ရည်းစားမရှိခင်တုန်းက Kim Taehyungနဲ့ပေါင်းရပြေပေမဲ့ Kim Taehyungရည်းစားရသွားတော့ အဆင်မပြေတော့ပေ။ ပေါင်းစည်းလို့မရတဲ့ပင်လယ်နှစ်ခုလိုတောင်ဖြစ်နေပြီလေ။

"Sunghoonကအရင်ကလို မဟုတ်တာ့ဘူးနော်"

ဘေးနားကနေ အသံထွက်လာမှ Minhoရှိနေမှန်းသတိရသည်။ Minhoကိုမေ့ပျောက်ပြီးရည်းစားကိစ္စတွေပြောနေမိတော့တာလေ။ Sunghoonက အရင်တုန်းက Taehyungဆို မျက်စိအောက်ကအပျောက်မခံ အရိပ်တကြည့်ကြည့်နဲ့လိုက်နေပြီးခုကျတော့ ဇွတ်ကိုနှင်ထုတ်နေတာမလို့ ထူးဆန်းနေတာကြောင့် Minhoဘက်ကမေးလိုက်တာပင်။ Minhoမေးတာကိုမဖြေဘဲ မျက်လုံးနဲစွေကြည့်ရုံသာကြည့်ပြီး ပြန်လှည့်သွားတဲ့Sunghoonကြောင့် Minhoမှာဘာမှတောင် ဆက်မပြောရဲတော့။ Park Sunghoonက Minhoကို ပြန်ကြိုက်ဖို့ဆိုတာ ဒီတစ်သက်အစီအစဥ်လည်းမရှိသလိုဖြစ်လာမှာလည်းမဟုတ်ပေ။

𝓨𝓮𝓼 𝓞𝓻 𝓨𝓮𝓪𝓱⁽ᶜᵒᵐᵖˡᵉᵗᵉᵈ⁾Where stories live. Discover now