Ep25

3.1K 251 8
                                    

Uni

Seoulကိုမြန်မြန်ပြန်လာဖို့ ခေါ်နေတဲ့အမေကရောက်တော့လည်း ဘာမှထွေထွေထူးထူးမပြောပေ။ ဘာလို့ပြန်ခေါ်တာလဲလို့ ခဏခဏထပ်ခါမေးပေမဲ့  ငါ့သားလေးနဲ့အကြာကြီးခွဲရတော့လွမ်းလို့ပါတဲ့လေ။ မေမေပြောသလိုဖြစ်ကောင်းဖြစ်နိုင်သည်။ မေမေနဲ့က မွေးကတည်းကတော်ရုံခုလောက်ကြီးတစ်ခါမှမခွဲဖူးဘူးလေ။ အလွန်ဆုံး၂ရက်လောက်သာမလို့ မေမေလွမ်းလို့ပြန်ခေါ်တယ်ဆိုတာကလက်သင့်ခံရနိုင်စရာပါပဲပင်။

Taehyungဘက်က အိမ်ကိုစောစောပြ
န်လာရလို့ စိတ်အလိုမကျတာကလွဲရင် ကျန်တာစိတ်ထဲဘာမှမရှိပေ။ Jungkookစိတ်ထဲတွင်တော့ ဘယ်ကမှန်းမသိတဲ့စိတ်မတင်မကျဖြစ်မှုကြီး ကိန်းအောင်းနေတော့တယ်။ ခုလိုဝေးလို့ သတိရမယ်ဆိုရင် အစကတည်းက သွားဖို့မခွင့်ပြုသင့်ဘူးလေ။ ခရီးကနေရုတ်တရက်ကြီးတန်းပြန်လာဖို့ ခေါ်တာကို နောက်ကွယ်မှာကိစ္စတစ်ခုခုရှိနေမယ်လို့ Jungkookစိတ်ထဲကထင်နေမိသည်။ ဘာမှအပူအပင်မရှိတဲ့ Kim Taehyungကတော့ ပတ်လည်ခဲ့တဲ့ခရီးစဥ်တွေကိုသူ့ညီလေးJunghyungကို ပြန်ပြီးရေပတ်မဝင်အောင်ပြောပြနေလေရဲ့။

နောက်နေ့ကျ ကျောင်းတတ်ရမှာကြောင့်ရော ခရီးကပင်ပန်းလာတာကြောင့်ပါ အိပ်ယာစောစောဝင်ခဲ့သည်။

-----------

+တီ တီ တီ+

နောက်တစ်နေ့မနက်၆နာရီမှာ တတီတီအော်သံနဲ့အတူတူ မြည်လာတဲ့နှိုးစက်အသံကြောင့် Jungkookမှာဆက်ပြီးအိပ်လို့လည်းမ‌ပျော်တော့ပေ။ အားကစားလုပ်ဖို့ အဝတ်အစားလဲပြီး ရပ်ကွက်ထဲက ပန်းခြံဘက်ကိုထွက်လာလိုက်သည်။ သီချင်းနားထောင်ဖို့နားကြပ်တပ်ပြီး အားကစားစလုပ်ဖြစ်သည်။ မနက်စောစောမှာ လေ့ကျင့်ခန်းလုပ်ရတာက အတော်စိတ်ကိုပေါ့ပါးစေတာပင်။ တစ်နေ့တာလုံးပင်ပန်းမယ့်အရာတွေကို မနက်စောစောမှာအပန်းဖြေပြီးအားယူရတာက Jungkookအတွက်အကျင့်အလေ့အထလ်ိုပင်ဖြစ်နေပြီ။

"ဆရာJungkook"

မျက်လုံးရှေ့ကနေ ပေါ်လာပြီးလက်တွေနဲ့လာကာပြနေတဲ့Sunghoonကြောင့် နားကြပ်ကိုဆွဲဖြုတ်လိုက်ရသည်။ ခေါ်နေတာတော့ အတော်ကြာနေလောက်ပြီ။ ကိုယ်ကသာနားကြပ်တပ်ထားလို့ ဘာမှမကြားရတာဖြစ်မည်ထင်ပါရဲ့။

𝓨𝓮𝓼 𝓞𝓻 𝓨𝓮𝓪𝓱⁽ᶜᵒᵐᵖˡᵉᵗᵉᵈ⁾Where stories live. Discover now