Part 3

529 32 0
                                    

Unicode

Xiao Zhan POV

ဒီနေ့ရာသီဥတုကသာယာတော့ လရောင်အောက်မှာလမ်း‌လျောက်နေမိတယ်။ငါ့အသက် 20ပြည့်ဖို့1လလောက်ပဲလိုတော့တယ်။14နှစ်ကြာစောင့်စိုင်းပီးတဲ့နောက်မှာတော့ ငါရဲ့အမိမြေ တရုတ်ပြည်ကိုပြန်ရတော့မယ်။နောက်လအတွက်စိတ်လှုပ်ရှားနေမိတယ်။

အသက်6နှစ်သာရှိသေးတဲ့အပြစ်ကင်းစင်တဲ့ကလေးတစ်ယောက်ဖခင်နဲ့အတူပျော်ရွှင်စွာနေချင်ပေမယ့်လည်း ဖခင်ရဲ့USမှာသွားနေရမယ်လို့ပြောလိုက်တဲ့အခါ ငါရဲ့ပျော်ရွှင်နေတဲ့အိမ်မက်နေဟာလေထဲမှာပင်ပျောက်သွားပီးကြောက်စရာကောင်းတဲ့ဘဝအဖြစ်ပြောင်းလဲသွားခဲ့တယ်။

ဟုတ်တယ်..ငါ့မှာမိသားစုဝင်ဆိုလို့ငါ့အဖေပဲရှိတာ။ငါ့အမေကလည်းငါ့ကိုမွေးပီးပီးချင်းကတည်းကဆုံးသွားခဲ့တယ်။အဖေဘာတွေပဲလုပ်‌နေလုပ်နေ ငါ့သူ့ကိုချစ်တယ်။သူ့ငါ့ကို USကို အတင်းပို့ခဲ့တယ်၊ငါကငယ်နေသေးတာမို့အဖေ့ကိုမလွန်ဆန်နိုင်ခဲ့ဘူး။

ဒီ14နှစ်စလုံးမှာလဲ အဖေကငါ့ကို ဆက်သွယ်ဖို့မကြိုးစားခဲ့ဘူး။ဘယ်တော့မှလည်းတရုတ်ပြည်ကိုပြန်လာဖို့ခွင့်မပြုဘူး။မွေးနေ့တွေမှာလဲ မွေးနေ့လက်ဆောင်တွေကိုသူကိုယ်တိုင်ဘယ်တော့မှမပေးဘူး။သူ့ရဲ့အတွင်းရေးမှူးဒါမှမဟုတ်ဘူးဆိုရင် တစ်ခါတလေ အိမ်တော်ထိန်းကပေးပေးတယ်။ငါ့ကအရင်တုန်းက ကလေးပဲရှိသေးတဲ့အချိန် အမေနဲ့မ‌နေရဘဲအမေကိုဆုံးရှုံးသွားခဲ့ရတော့ ငါ့ကိုချစ်ပေးဂရုစိုက်ပေးတဲ့ အိမ်တော်ထိန်းယုက ငါ့ရဲ့ဒုတိယအမေဖြစ်လာခဲ့တယ်။

တစ်လလောက်စောင့်ပီးရင်တော့ငါအဖေနဲ့တွေ့ရတော့မယ်။ဦးလေးကုမီ ပြောသလို အဖေဟာငါအသက်20ပြည့်မှ သူနဲ့တွေခွင့်ပေးမယ်တဲ့။

အခုတော့ဒါတွေအားလုံးထားလိုက်ပါတော့ ငါကUSမှာနေပီးဆေးကျောင်းသားတစ်ယောက်ဖြစ်လာခဲ့တယ်၊အခုဆို Wang Hospitalမှာအငယ်တန်းဆရာဝန်အဖြစ်နဲ့တောင်အလုပ်လုပ်နေပီ၊‌ဒီကနေဘွဲ့ရပီးတာနဲ့ငါကငါ့ရဲ့အမိနိုင်ငံဖြစ်တဲ့တရုတ်နိုင်ငံကိုပြန်ပီးအဲ့မှာရှိတဲ့ဆေးရုံကြီးတွေမှာအရည်အချင်းပြည့်ဝတဲ့ဆရာဝန်တွေနဲ့အလုပ်တွဲလုပ်မယ်။
အခုချိန်မှာတော့ငါအတော်ပင်ပျော်နေတယ်။ဒီတစ်လကိုလည်းအမြန်ကုန်ဖို့ဆုတောင်းနေမိတယ်။ဦးလေးကုမီ ကတော့ဒီ‌နေ့လိုမျိုးခဏခဏ‌တော့လာလည်ပါတယ်ဒါကြောင့်လည်းအခု ဆေးရုံကနေတိုက်ခန်းကိုအမြန်ပြန်နေရတာပေါ့။

My Mafia Husband  //Yizhan Fanfic (MM Translation)Unde poveștirile trăiesc. Descoperă acum