Part 17

358 17 1
                                    

ညနေ4နာရီထိုးနေတာတောင် သူတို့နှစ်ဦးဟာ မြို့ပတ်ပီးကားမောင်းနေကြတုန်းပင်ဖြစ်သည်။ရိပေါ်ဟာ ကားမောင်နေရင်း ဘေးနားကလေ တစ်ခုခုစုပ်နေတဲ့အသံကိုကြားနေရတာကြောင့် ရှောင်ကျန့်ရှိတဲ့ဘက်အားလှည့်ကြည့်လိုက်တဲ့အခါ...

"အဲ့တာငါ့အတွက်ဝယ်ခဲ့တာမဟုတ်ဘူးလား..."သူ့အတွက်ဝယ်ထားတယ်ဆိုတဲ့သကြားလုံးတွေကိုရှောင်ကျန့်ကသေချာအရသာခံပီးစားနေတာကြောင့် ရိပေါ်ကရှောင်ကျန့်အားမေးလိုက်သည်။

"ဟုတ်တယ်လေ...ကျနော်ကျွေးတယ်လေ....ခများဘဲမစားဘူးဆိုလို့ ကျနော်နှမြောလို့စားလိုက်တာလေ ....ဟို...ခများစာချင်လာလို့လား....မရတော့ဘူးနော်ဒီသကြားလုံးကနောက်ဆုံးတစ်ခုဘဲ ...ပီးတော့ကျနော့်သရေတွေနဲ့ဆိုတော့မစားနဲ့တော့လေနော်...."ရှောင်ကျန့်ကစိတ်မကောင်းစွာပင်ပြောလိုက်သည်။

"မင်းရဲ့သရေတွေနဲ့ကိုငါကစားစရာလား...မင်းဘဲကုန်အောင်စား...ငါကသကြားလုံးတွေလည်းမကြိုက်ဘူး...."ရိပေါ်ကရှက်ရှက်နဲ့ပင်ရှောင်ကျန့်အားအော်ပြောလိုက်သည်။
.
.
.
.
.
ခဏကြာတော့ရိပေါ်ကကစားကွင်းတစ်ခုမှာဘဲကားကိုရပ်လိုက်တယ်။ပီးတာနဲ့ သရဲအိမ်ဘယ်မှာရှိသလဲဆိုတာကိုလိုက်ရှာနေလိုက်တယ်။သရဲအိမ်ကိုတွေ့တဲ့အခါ သူ့ရဲ့ခြေလှမ်းတွေအားရပ်တန့်လိုက်တယ်။

"မင်းတစ္ဆေတွေကို ကြောက်မယ်ဆိုတာကိုတော့ငါပြောနိုင်တယ်....နောက်ဆုံးမင်းမခံစားနိုင်တဲ့အခါ ငါ့အကိုဆီကိုသွားပီးဆပ်မလုပ်နိုင်ကြောင်းပြောမယ်....အဲ့အခါကြရင်ငါ့အကိုလည်း ငါပြောတာမဟုတ်လို့ ငါ့ကိုသံသယဝင်မှာမဟုတ်ဘူး......ဟားဟားးး ,Plan Bကအခုမှစမှာယုန်စုတ်ရေ..."ရိပေါ်ဟာသူ့အတွေ့နဲ့သူပျော်နေလေသည်။သူ့ဘေးနားကရှောင်ကျန့်ကိုလှည့်ကြည့်လိုက်တဲ့အခါ မတွေ့တော့ချေ။

"နာမည်ပီးကြောက်ပီးပြေးသွားတာလားဟ..."ရိပေါ်ကခပ်တိုးတိုးလေးရေရွတ်လိုက်သည်။

"Mr.ဝမ်...ခများဘာကိုစောင့်နေတာလဲ...လာလေဗျာ..."ရှောင်ကျန့်ခပ်လှမ်းလှမ်းကနေ ရိပေါ်အားစိတ်လှုပ်ရှားစွာအော်ခေါ်လိုက်သည်။

"ဒီကောင်လေးဘာဖြစ်နေတာလဲ ကြောက်လို့များအော်ဟစ်နေတာလား...ဟုတ်ပါတယ်လေ...ဘယ်သူကများဒီလိုကြောက်စရာ ဂိမ်းတွေကိုကြိုက်မှာလဲ..."ရိပေါ်ဟာ အားရဝမ်းသာပင်တိုးတိုးလရေရွတ်နေလိုက်သည်။

My Mafia Husband  //Yizhan Fanfic (MM Translation)Dove le storie prendono vita. Scoprilo ora