Part 20⚠️

628 26 6
                                    

အချိန်တစ်ခုကြာမြင့်ပီးတဲ့နောက်မှာတော့ ရှောင်ကျန့်တို့ဟာ ကြီးမားလှတဲ့ကုန်တိုက်ကြီးတစ်ခုသို့ရောက်ရှိသွားခဲ့သည်။အထူးဆန်းဆုံးကတော့ထိုကုန်တိုက်ကြီးဟာ USAမှာအကြီးဆုံးကုန်တိုက်ကြီးဖြစ်နေသော် ဝယ်သူမရှိဘဲ ရှင်းလင်းနေ‌တာကြောင့် ရှောင်ကျန့်တစ်ယောက်စိတ်ရှုတ်သွားရသည်။

ဘာလို့ဒီလောက်လူရှင်းနေရတာလဲ???

အစောင့်တစ်ယောက်ဟာ ရိပေါ်နားရောက်လာပီး

"သခင်လေး...မန်နေဂျာနဲ့စကားပြောပီးပါပီ...ကုန်တိုက်ထဲကို ဝန်ထမ်းတွေကလွဲလို့အခြား customer တွေဘယ်သူမှခွင့်မပေးဖို့ပြောထားပီးပါပီ..."

ရိပေါ်ဟာခေါင်းညိတ်ပြလိုက်ပီး သူ့အတွက်အင်္ကျီနဲ့ဘောင်းဘီဝယ်ရန်အတွက် အမျိုးသားဝတ်နာမည်ကြီးbrand ဆိုသို့ဝင်ကာ သူ့ရဲ့သွေးတွေပေစွန်းနေတဲ့အဝတ်အစားတွေနဲ့အစားထိုးကာလဲလိုက်သည်။

ရိပေါ်ဟာအဝတ်အစားလဲပီး‌ေနာက်အစောင့်ဆီပြန်လာကာ

"ဒေါက်တာဝေ့ရင်းရော..ဘယ်မှာလဲ..."

"သခင်လေးထွက်သွားတော့ ဒေါက်တာလည်းထွက်သွားပါတယ်...ကျနော်တို့ကလည်းဒေါက်တာဝယ်စရာတစ်ခုခုရှိတယ်ထင်လို့ဘာမှ မမေးလိုက်တာပါ..."

"သူ့ကိုမြန်မြန်သွားရှာကြစမ်း!!.."

ရိပေါ်အမိန့်ပေးလိုက်တာကြောင့် အစောင့်တွေအားလုံးဟာရှောင်ကျန့်အားရှာရန် ပြေးလွှားနေကြတော့သည်။

မိနစ်၂၀ကြာတာတောင် မတွေ့တာကြောင့်အစောင့်တွေအားလုံးဟာ အသက်ရှုကြပ်ကာကြောက်ရွံ့နေတဲ့ပုံစံတွေနဲ့ရိပေါ်နားသို့ပြန်ရောက်လာကြသည်။ထိုဒေါက်တာဟာသူတို့သခင်အတွက်တော့ဘယ်လောက်အရေးကြီးလဲတော့မသိဘူး အမြဲတမ်းအေးစက်ကာခံစားချက်ကင်းမဲ့နေတဲ့သူတို့သခင်လေးဟာ အခုတော့ထိုဒေါက်တာကြောင့် ပြိုတော့မယ့်မိုးလိုမျိုးဖြစ်နေလေသည်။

"CC TV ကင်မရာတွေကိုကြည့်ကြစမ်း!!!!"ရိပေါ်ဟာဒေါသတကြီးပင်ထအော်လိုက်သည်။

အစောင့်တွေအားလုံးဟာ ရိပေါ်ရဲ့ဒေါသတကြီးအော်သံကြောင့် ကြောက်လန့်တုန်ယင်စွာပင် လုံခြုံရေးအခန်းသို့ ပြေးသွားကြတော့သည်။

My Mafia Husband  //Yizhan Fanfic (MM Translation)Onde histórias criam vida. Descubra agora