Part 6

434 28 0
                                    

"ကျနော်...တောင်းပန်ပါတယ်သခင်လေး.....!"ရှောင်ကျန့်က ထိုလူအား ဆေးရုံထဲမှာပြေးလွှားနေတာသူမှားကြောင်း ဦးညွှန့်ကာတောင်းပန်လိုက်သည်။

Time Skip

နေ့လည် ၁၂နာရီ

Wang Hospital ခန်းမ

"ဂုဏ်သရေရှိလူကြီးမင်းများ ...ဒီပွဲကို လာရောက်ပေးတဲ့အတွက် ‌...ကျေးဇူးအများကြီးတင်ပါတယ်....။Wang Hospital ရဲ့အကြီးအကဲများ...၊ဆရာဝန်များ၊ဝန်ထမ်းများအားလုံးကို....ဒီပွဲလေးကနေ ကြိုဆိုပါတယ်....."ခန်းမတွင်းရှိတဲ့ ဧည့်ပရိတ်သတ်အပေါင်းက ပျော်ရွှင်စွာနဲ့လက်ခုတ်တီးကြ‌လေသည်။

"ဒီနေ့အစီအစဉ်ကတော့.....ကျနော်တို့ဆေးရုံမှာ ...စေတနာအပြည့်၊ရိုးသားမှု အပြည့်နဲ့ အလုပ်လုပ်နေကြတဲ့ ဆရာဝန်တွေကို ....ဂုဏ်ပြုတဲ့အနေနဲ့ ဆုချီးမြင့်ပေးအပ်တဲ့ပွဲလေးပဲဖြစ်ပါတယ်....."

"ဒီဆုက ဆရာဝန်လူငယ်တွေအတွက် ...ဂုဏ်ယူစရာဖြစ်ပီး....နောင်အနာဂတ်မှာလည်း ...သုတေသနလုပ်ငန်းတွေ အများကြီးဆက်လက်လုပ်ဆောင်ပီး....အောင်မြင်မှုတွေ ရယူနိုင်မှာပဲဖြစ်ပါတယ်ဗျာ...."

"Wang Hospitalရဲ့ ဒါရိုက်တာအား..... အကောင်းဆုံးဆရာဝန်ဆု.....ပေးအပ်ရန်ဖိတ်ကြားလိုပါတယ်ဗျာ....."

ဟိုက်ခွမ်းဟာ စင်ပေါ်သို့တက်သွားပီး အကောင်းဆုံးဆရာဝန်ဆုကိုကြေညာရန် မိုက်အားလှမ်းယူလ်ိုက်သည်။

"မင်္ဂလာနေ့လည်ခင်းပါ ....ဆရာကြီးများ...၊ဆရာဝန်များနဲ့ ဆေးရုံဝန်ထမ်းများ..."

"အခုဒီဆုကတော့....ကျနော်တို့ဆေးရုံမှ ....အထူးချွန်အထက်မြတ်ဆုံး ဆရာဝန်အား ..... ဆုပေးအပ်မှာပဲဖြစ်ပါတယ်ဗျာ..."

ဒါတွေကိုနားထောင်နေတဲ့ ရှောင်ကျန့်ဟာ အလွန်ပင်စိတ်လှုပ်ရှားလို့နေလေသည်။

"ဟေ့ သူငယ်ချင်း...မင်းပဲရမှာပါကွာ...."

"ငါ့ကိုယုံလိုက်စမ်းပါ.....‌ငါတင်မကဘဲ ဒီက ဝန်ထမ်းတွေ ....ဆရာဝန်တွေလည်းမင်းရမယ်လို့ပဲပြောနေကြတာပါကွ..."Yubin(ရှောင်ကျန့်သူငယ်ချင်း)ကပြောပီး သူ့လက်ကိုရှောင်ကျန့်ပုခုံးပေါ်တင်လိုက်သည်။

My Mafia Husband  //Yizhan Fanfic (MM Translation)Where stories live. Discover now