Part 7

438 30 0
                                    

"မင်း.....!!!!"

"မင်း..!!"ရှောင်ကျန့်နဲ့ဝမ်ရိပေါ် နှစ်ယောက်စလုံးဟာ အော်ဟစ်လိုက်ကြသည်။

"မင်းတို့နှစ်ယောက်ကသိပီးကြပီလား..."ရိပေါ်နဲ့ ရှောင်ကျန့်နှစ်ယောက်စလုံးကိုစိုက်ကြည့်ရင်း ဟိုက်ခွမ်းကမေးလိုက်တယ် ။

"အာ ..မဟုတ်ဘူး ဆရာ..."ရှောင်ကျန့်ဟာမဝံ့မရဲဖြေလိုက်ပီး မြေပြင်ကိုစိုက်ကြည့်နေလိုက်တယ်။ရိပေါ်ရဲ့မျက်လုံးကို မကြည့်မိအောင်အတတ်နိုင်ဆုံးကြိုးစားနေပေမယ့် အဲ့လူကတော့ သူ့ကိုသတ်ချင်နေတဲ့အရိပ်အယောင်တွေကိုတွေ့နေရတယ်။ရိပေါ်ဟာကြမ်းပြင်ကိုစိုက်ကြည့်နေတဲ့ရှောင်ကျန့်ကိုပဲကြည့်နေလိုက်လိုက်တယ်။

*အဟွတ် ....အဟွတ်*

ဟိုက်ခွမ်းသည် ချောင်းအတုဆိုးပီးရိပေါ်ရဲ့အာရုံကိုဖမ်းစားဖို့ကြိုးစားလိုက်သည်။
ရိပေါ်ဟာမျက်လုံးနဲ့သာလူသတ်နိုင်ရင်ရှောင်ကျန့်ရဲ့အလောင်းကိုတွေ့နေရလောက်ပီ။

နောက်ကြောင်းပြန်ခြင်း
>>>>>>>>>>>>>>>>>>>

"ကျနော်တောင်းပန်ပါတယ်သခင်လေး..."

"ကျနော်တမင်ဝင်တိုက်တာမဟုတ်ပါဘူး.."ရှောင်ကျန့်ပြောလိုက်သည်။

သူသေမလောက်ကြောက်နေပီ။သူ့ရှေ့ကလူကအတော်ချမ်းသာလောက်တယ်၊သူဝတ်ထားတဲ့အင်္ကျီကအတော်ပင်ဈေးကြီးသည်။သူ့ရဲ့တန်ဖိုးကြီးအင်္ကျီကိုပေအောင်လုပ်မိလို့ အတော်ကိုပင်ပူထူနေပီ။

"တောင်းပန်ပါတယ်ဟုတ်လား.."

"တောင်းပန်တာနဲ့ပီးသွားရောလား ....
ငါ့အင်္ကျီကိုရောမင်းဘယ်လိုလုပ်ပေးမှာလဲ...ငါ့အဝတ်တွေအရင်တိုင်ပြန်ဖြစ်အောင်မင်းဘယ်လိုလုပ်ပေးမှာလဲပြော...!!"ရိပေါ်ဟာရှောင်ကျန့်အားအလွန်ဒေါသထွက်သဖြင့် အော်ပြောလိုက်သည်။

"ဒါပေမယ့်သခင်လေး...ငါတစ်ယောက်တည်းမှားတာမဟုတ်ဘူးလေ....မင်းလည်းတစ်ယောက်ယောက်နဲ့ဖုန်းပြောရင်းလျှောက်လာတာပဲလေ....၊မင်းသာရှေ့ကြည့်လျှောက်ပါလား ‌ဒီလိုဖြစ်လာစရာအကြောင်းမရှိဘူး..."ရှောင်ကျန့်လည်း‌ေဒါသထွက်လာတာ‌ကြောင့်ပြန်အော်ပြောလိုက်သည်။

My Mafia Husband  //Yizhan Fanfic (MM Translation)Where stories live. Discover now