Part 5

450 29 0
                                    

ရှောင်ကျန့်၏တိုက်ခန်းတွင်

ရှောင်ကျန့်တစ်ယောက် ကုတင်ပေါ်တွင် ကလေးလေးတစ်ယောက်လိုပင်ငြိမ်သက်စွာအိပ်ပျော်နေလေသည်။မနက် ၈:၀၀နာရီမှာတော့ အိမ်တော်ထိန်း ယုတစ်ယောက် ရှောင်ကျန့်အားနိုးရန်အတွက် သူ့အခန်းထဲသို့ဝင်သွားလေသည်။

"သားကျန့်...!"

"သားကျန့်....သားကျန်...!"

"နိုးပီလား...?"

"အိုး..!သားကျန့် အခုထိမထသေးဘူးလား....."

"သားအခုမထရင်...နောက်ကျလိမ့်မယ်နော်...."အိမ်တော်ထိန်းယု ရှောင်ကျန့်ကိုယ်လအားလှုပ်ကာ ခေါ်နိုးပေမယ့်လည်း ယုန်လေးရှောင်ကျန့်ကတော့ နိုးထဖို့ပင်စိတ်မဝင်စားချေ။

"‌ဒေါ်ယု ....သားအိပ်ချင်လို့ပါနော်.....နောက်ထပ်နည်းနည်းလောက်ပဲအိပ်မှာပါ...ကျေးဇူးပြုပီး... please..."ရှောင်ကျန့်တစ်ယောက်ပြောပီးအိပ်ပျော်သွားပြန်သည်။

"ဟင့်အင်း....သားကျန့်လေး အခုဘယ်နှနာရီရှိပီလဲ ...သိလား..."

"၈:၀၀နာရီထိုးနေပီနော်..."အိမ်တော်ထိန်းယု တစ်ယောက် ရှောင်ကျန့်ရဲ့ ဂျယ်လီကိုလှုပ်ခါကာပြောလိုက်သည်။

(AN/ဂျယ်လီတဲ့ ယူတို့သိကြတယ်မှတ်လား😂)

"ဘာ...!!!!!"

"ဒေါ်လေးယုဘာပြောတယ်...အခုဘယ်နှနာရီရှိပီ..."ရှောင်ကျန့်တစ်ယောက် အိမ်တော်ထိန်းယု စကားကြောင့်လန့်နိုးလာကာ အိမ်တော်ထိန်းယုအားပြန်မေးလိုက်သည်။

"အိုး...!နောက်ကျတော့မယ်..."

"ဒေါ်လေးယု ကျနော် နောက် ၁၅မိနစ်လောက်နေရင် ထမင်းစားခန်းထဲ လာခဲ့မယ်နော်..."ရှောင်ကျန့်ဟာအိမ်တော်ထိန်းယု အားပြောပီး ရေချိုးခန်းသို့ပြေးဝင်သွားလိုက်သည်။

"ဒီကောင်လေး...အရွယ်ရောက်နေတဲ့သူဆိုတာ ...ယုံကိုမယုံဘူး...ဟီးဟီး....."ရှောင်ကျန့်တဲ့ကလေးဆန်တဲ့အပြုအမူကိုကြည့်ကာ ‌အိမ်တော်ထိန်းယု တစ်ယောက် ရယ်မောနေလေသည်။

မနက်စာစားနေစဉ်

"သားကျန့်လေး...ဒီမှာမနက်စာ အဆင်သင့်ဖြစ်ပီ..."

My Mafia Husband  //Yizhan Fanfic (MM Translation)Where stories live. Discover now