Part 8

422 29 0
                                    

ပစ္စုပ္ပန်အချိန်
✓✓✓✓✓✓✓✓✓

ဟိုက်ခွမ်း၏အခန်းအတွင်းလူနှစ်ယောက်သည်တစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်နေကြပီး တစ်ယောက်နှင့်တစ်ယောက် ထသတ်တော့မယ့်အရိပ်အယောင်တွေ တွေ့နေရသည်။

ရှောင်ကျန့်သည် အနည်းငယ်ကြောက်နေသော်လည်း သူ့ရဲ့အကြောက်တရားကိုဖုံးကွယ်ဖို့ကြိုးစားပီး ရိပေါ်အားစိုက်ကြာ့်နေလိုက်သည်။ရိပေါ်သည် ရှောင်ကျန့်အားပြုံးပြကာ ကြောက်ရွံ့နေသော ယုန်တစ်ကောင်သည် ဆာ‌လောင်နေသောခြင်္သေ့ရှေ့တွင် ရဲဝင့်စွာပြုမှုနေသော ပုံစံမျိုးကို သူမျက်လုံးများရဲ့ရှေ့ကမြင်ကွင်းကတူညီနေတယ်လို့ ခံစားလိုက်ရသည်။

"ရိပေါ် ဘာကိုဆိုလိုတာလဲ...၊မင်းသူ့ကိုသိတယ်လို့ပြောပေမယ့် ...သူကတော့မသိဘူးတဲ့....."ဟိုက်ခွမ်းကရိပေါ်အားဇဝေဇဝါနဲ့မေးလိုက်သည်။

"ဘာကိုပြောတာလဲ ge...မေးတော့သူ့ကကျနော့်ကိုမသိဘူးတဲ့လား..."ရိပေါ်က သူ့ရှေ့ကကြောက်လန့်နေတဲ့ယုန်အား မေ့ငေါ့ပြကာ  အကိုဖြစ်သူအားပြန်မေးလိုက်သည်။

"ဒေါက်တာရှောင်ကျန့်...ငါ့ကိုပြောပါအုံး..တကယ်ပဲမင်းတို့နှစ်ယောက်ကသိနေတာလား..."ဟိုက်ခွမ်းကရှောင်ကျန့်ကို‌မေးလိုက်တယ်။

ရှောင်ကျန့်ကဟိုက်ခွမ်းအားလှည့်ကြည့်လိုက်ပေမယ့် မျက်လုံးထောင့်ကနေ ရိပေါ်ရဲ့ မျက်နှာပေါ်မှာ မကောင်းဆိုးဝါးအပြုံးလိုအပြုံးမျိုးကိုမြင်နေရသည်။

"ဟို...ဟိုဟာလေ ..ဆရာ ကျနော်ဒီနေ့ဆေးရုံမှာ မတော်တဆုံမိသေးတယ်..."ရှောင်ကျန့်ကထစ်ငေါ့စွာပင်ပြန်ဖြေလိုက်သည်။

"အော်....အဲ့လိုလား..."ဟိုက်ခွမ်းကပြောလိုက်ပေမယ့်လည်းရှောင်ကျန့်ရဲ့အဖြေကိုသိပ်မကျေနပ်ပေ။သူညီလေး ရှောင်ကျန့်ကိုကြည့်နေတဲ့အကြည့်တွေကို သူသိနေတယ်။

"ကောင်းပီ...မင်းတို့နှစ်ယောက်စလုံးက..တစ်ယောက်နဲ့တစ်ယောက်သိနေကြတော့ကောင်းတာပေါ့..."ဟိုက်ခွမ်းကပြုံးပြုံးရွှင်ရွှင်ပင်ပြော လိုက်သည်။

ဟိုက်ခွမ်းက‌တော့သူ့ညီရိပေါ်ကို'တစ်ခုခုဖြစ်လာမယ်ဆိုတာငါသိနေတယ်'ဆိုတဲ့အကြည့်မျိုးနဲ့စိုက်‌ကြည့်နေ‌ပေမယ့်တစ်ယောက်တစ်ခြားတစ်ယောက်ကတော့သူ့ရဲ့ကိုယ်ပိုင်ကမ္ဘာလေးထဲတွင်အလုပ်ရှုပ်နေလေသည်။ရှောင်ကျန့်ဟာWangနှစ်ယောက်ရဲ့ကြားမှာရပ်နေပီးသူ့ရဲ့မျက်လုံးတွေကတော့ ရိပေါ်ကိုသာစိုက်ကြည့်နေလေသည်။

My Mafia Husband  //Yizhan Fanfic (MM Translation)Dove le storie prendono vita. Scoprilo ora