Part 26

229 12 1
                                    

နောက်နေ့မနက်ရောက်တဲ့အခါမှာတော့ ရိပေါ်ဟာပျော်ရွှင်စွာနိုးထလာခဲ့ပြီး နိုးနိုးချင်းပထမဦးဆုံးပင် ရှောင်းကျန့်ဆီအား message ပို့လိုက်သည်။အချိန်သည်ကားမနက်7နာရီသာရှိသေးသည်။

ရိပေါ် : Morning

ရှောင်းကျန့် : Morning ရိပေါ်

ရိပေါ် : မနက်၁၀နာရီလောက်ကြရင် အဆင်သင့်လုပ်ထားလေ ကိုယ်မင်းကိုလာခေါ်မယ်

ရှောင်းကျန့် : ဟုတ်ပြီ ဟုတ်ပြီ အဆင်သင့်ဖြစ်စေရမယ် အခုတော့၃နာရီတောင်လိုသေးတာမို့ ပြန်အိပ်လိုက်အုံးမယ် ကောင်းသောနေ့ပါရိပေါ်

ရိပေါ် : ကောင်းသောနေ့ပါ

ရှောင်းကျန့်တစ်ယောက်ရိပေါ်ကို စာပို့ပြီးပြန်အိပ်ပျော်သွားတာကြောင့် ရိပေါ်စာထပ်ပို့တာတောင် မကြည့်နိုင်တော့ပေ။တစ်ဖက်ကရိပေါ်ဟာလည်း သူ့ကိုစာမပြန်ဘဲကောင်းကောင်းအိပ်သွားတဲ့ယုန်ကြောင့် စိတ်ရှုပ်သွားသော်လည်း လျစ်လျူရှုလိုက်ပြီးမနက်ခင်းပုံမှန်အလုပ်တွေလုပ်ရန်အတွက် ရေချိုးခန်းထဲသို့သာဝင်သွားလိုက်သည်။

၄၅မိနစ်လောက်ကြာတော့ သူမနက်စာစားဖို့ဆင်းလာတော့ ကျန်းချန်နှင့် ဟိုက်ခွမ်းတို့ဟာ ထမင်းစားခန်းထဲသို့ရောက်နှင့်လို့နေလေသည်။

"Wow ရိပေါ် မင်းဒီနေ့ပိုချောနေသလိုဘဲ ဘယ်သွားစရာရှိလို့လဲ..."ဟိုက်ခွမ်းကမေးလိုက်သည်။

ကျန်းချန်ကတော့ ရိပေါ်ရဲ့အရင်ကနဲ့အတူတဲ့မျက်လုံးတွေကိုသတိထားမိသွားတာကြောင့် ခေါင်းတညိတ်ညိတ်ဖြင့်သဘောကျနေလို့နေသည်။

ရိပေါ်သည်ပေါ့ပေါ့ပါးပါးဝတ်ထားသော်လည်းမျက်လုံးအကြည့်တွေကတော့နွေးထွေးလို့နေလေသည်။

"ဘာမှမဟုတ်ပါဘူးအကို...မနေ့က အကိုပြောတဲ့အတိုင်းကျနော်လုပ်လိုက်တယ်..."

ရိပေါ်က ပန်းကန်ထဲက ပန်းသီးတစ်လုံးအားယူကာအိမ်အပြင်ဘက်သို့ထွက်လာခဲ့လိုက်သည်။

"ဟေ့!!သူ့အတွက်လက်ဆောင်လေးဘာလေးဝယ်သွားအုံးလေ.."

ဟိုက်ခွမ်းဟာ အိမ်အပြင်သို့ရောက်ခါနီးနီဖြစ်နေတဲ့ညီဖြစ်သူ ရိပေါ်အားလှမ်းအော်လိုက်သည်။

My Mafia Husband  //Yizhan Fanfic (MM Translation)Where stories live. Discover now