Part 24

205 15 4
                                    

A/N စာမစစ်ထားပါ

နောက်နေ့မနက်8:00နာရီမှာတော့ ရိပေါ်ဟာ ရှောင်းကျန့်အားဖုန်းဆက်ပီး ဒီနေ့အတွက်အချိန်စာရင်းတွေအား ပြောပြထားတာကြောင့်အခုတော့ ရှောင်းကျန့်ဟာ ရိပေါ်အလာအားသူ့၏တိုက်ခန်းရှေ့မှာပင် ရပ်စောင့်နေလိုက်သည်။

မိနစ်အနည်းငယ်ကြာပြီးတဲ့နောက်မှာတော့ ရှောင်ကျန့်အရှေ့အား အနက်ရောင် ကားခုနှစ်စီးဟာရောက်လာခဲ့သည်။သူ့ရှေ့တည့်တည့်မှာရပ်နေတဲ့ကားကတော့ရိပေါ်ရဲ့ကားပင်ဖြစ်သည်။ရိပေါ်သည်ကားပေါ်မှထွက်လာပီး ရှောင်းကျန့်အားကားထဲသို့အဆင်သင့်ဝင်ထိုင်ရန်ကားတံခါးအားဖွင့်ပေးလိုက်သည်။ဒီမြင်ကွင်းဟာ ရိပေါ်ရဲ့အစောင့်တွေအားနှလုံးအမောဖောက်စေဖို့လံုလောက်သည်။
ရှောင်းကျန့်အတွက်တွေယခုရိပေါ်ရဲ့အပြုအမူတွေဟာအသားမကျသေးတာကြောင့် အီလည်လည်ဖြင့်သာပြုံးလိုက်ပီးကားထဲဝင်ထိုင်လိုက်သည်။

"Good Morningပါသခင်လေး.."ရှောင်းကျန့်ဟာရိပေါ်အားတောက်ပတဲ့အပြုံးဖြင့်ပြုံးပြလိုက်ပီးနှုတ်ဆက်လိုက်သည်။
ရိပေါ်ဟာရှောင်းကျန့်ရဲ့အပြုံးကိုမြင်တိုင်းအသည်းယားလာရသည်။

"...."

ရှောင်းကျန့်ဟာရိပေါ်ကိုကြည့်နေပေမယ့်လည်းရိပေါ်ကတော့ ပြတင်းပေါက်ဘက်သို့သာခေါင်းလှည့်လိုက်သည်။

"သခင်လေး..."

ရှောင်ကျန့်ဟာထပ်ခေါ်လိုက်ပြန်သည်။

"အခုကဘာထဖြစ်တာလဲဟ မနေ့ကဘဲ သူဘဲ သူငယ်ချင်းဖြစ်ချင်တယ်ပြောပီးအခုတော့ လီလူးစိတ်ထပေါက်ပြန်ပီ.."ရှောင်းကျန့်ဟာတွေးပြီးရိပေါ်အားကြည့်လိုက်သည်။

"နေပါအုံး..တစ်ခုခုမှားနေလို့များလား..."

ရှောင်းကျန့်ဟာခဏလောက်တွေးပီးတဲ့အခါ သူဘာသွားလဲဆိုတာကိုသိသွားတာကြောင့် မှားပြောမိတဲ့သူ့ပါးစပ်အားအလန့်တကြားပင်လက်ဖဝါးဖြင့် အုပ်လိုက်သည်။

"Good morning ရိပေါ်..."

ဒီတစ်ခါတော့ရှောင်းကျန့်တစ်ယောက်ရိပေါ်အားနာမည်ပင်ခေါ်ကာနှုတ်ဆက်လိုက်သည်။

My Mafia Husband  //Yizhan Fanfic (MM Translation)Where stories live. Discover now