Part 9

421 37 2
                                    

ရှောင်ကျန့်တစ်ယောက် ရိပေါ်ကသူ့ကိုရိုက်တော့မယ်လို့ထင်ထားတာကြောင့် မျက်လုံးတွေကိုတင်းတင်းမှိတ်လိုက်ပီး အလွန်ပင်ကြောက်လန့်နေတာကြောင့် နုတ်ခမ်းတွေပင် တုန်ယင်လို့နေလေသည်။သေချာတာကတော့ သူ့ဘဝမှာဒီလိုကြောက်စရာကောင်းတဲ့ အဖြစ်အပျက်တွေကို မကြုံဖူးတဲ့အပြင်၊ဒီအဖြစ်အပျက်ကနေလွှတ်မြောက်ဖို့အတွက်လည်း အတွန်းလှန်နိုင်ပေ။

ရိပေါ်ဟာရှောင်ကျန့်ရဲ့ကြောက်လန့်နေတဲ့မျက်နှာလေးကိုမြင်လိုက်တဲ့အခါမှာတော့ ပြုံးလိုက်သည်။သူဟာရှောင်ကျန့်မေးစေ့ကို လက်ဖြင့်ဆွဲကာ မော့လိုက်သည်။ယခုသူသည်ရှောင်ကျန့်ရဲ့ပါးလေးတွေကိုသူ့လက်မဖြင့်ပွတ်သတ်နေလိုက်သည်။မျက်နှာလေးမော့နေတဲ့အချိန်မှာတော့ရှောင်ကျန့်ရဲ့အလှတရားဟာလုံးဝထွက်ပေါ်လာပီးသူ့ရဲ့မျက်လုံးတွေဟာ ရှောင်ကျန့်ရဲ့မျက်နှာကနေ လုံးဝမခွာနိုင်အောင်ဖြစ်ရသည်။

အခြားတစ်ဖက်မှာလည်းရှောင်ကျန့်ဟာထူးဆန်းနေသည်ဟုခံစားရနေရသည်။ရိပေါ်သူ့မျက်နှာကိုထိလိုက်တဲ့အခါ သူ့ခန္ဓာကိုယ်တွင်ထူးဆန်းသောခံစားမှုလှိုင်းလေးကိုခံစားလိုက်ရသောကြောင့် မျက်လုံးများကိုပင်မှိတ်ထားလိုက်သည်။

"မင်းကယောင်္ကျားလေးလိုဝတ်ထားတဲ့မိန်းကလေးများလား..."ရိပေါ်ကတော့သူ့ရဲ့မူပိုင်မဲ့ပြုံးလေးပြုံးကာမေးလိုက်သည်။

ရှောင်ကျန့်ဟာသူ့ရဲ့ မှိတ်နေတဲ့မျက်လုံးများကိုဇာတ်ကနဲ့ဖွင့်လိုက်ပီး ရိပေါ်အားဒေါသရိပ်လွှမ်းနေသောမျက်လုံးများဖြင့် ကြည့်လိုက်သည်။ဒီစကားကြားနေရတာ အသစ်အဆန်းမဟုတ်တောါပေမယ့်သူနဲ့ပထမဦးဆုံးတွေ့ကြတဲ့သူတွေမှန်သမျှ ဒီမေးခွန်းကိုထပ်ကာမေးနေကြတာကိုတော့ မုန်းမိသည်။

သူ့ပါးပြင်တွေကိုပွတ်သတ်နေတဲ့ရိပေါ်တွေရဲ့လက်ကို ရိုက်ထုတ်လိုက်ပီး သူ့ရဲ့ခန္ဓာကိုယ်ကြကိုလည်းရှိသမျှအားနဲ့ တွန်းထုတ်ဖြစ်လိုက်သည်။

"ခများရဲ့မျက်လုံးတွေ ကန်းပီးဦးနှောက်က အခန်းတွေ လွှတ် ကုန်တာလား Mr.ဝမ်..၊ကျနော် ယောင်္ကျားလေးဆိုတာတောင် ခများရဲ့မျက်လုံးတွေက မခွဲခြားတတ်အောင်ကိုကန်းနေပီလား..."ရှောင်ကျန့်ဟာရိပေါ်ကိုအော်ပီးမျက်မှောင်ကိုကျုံ့လိုက်သည်။

My Mafia Husband  //Yizhan Fanfic (MM Translation)Dove le storie prendono vita. Scoprilo ora