Part 23

243 16 3
                                    

"Good night ပါသခင်လေး..ကျန်းချန်နှင့် ဆရာ့ကိုလည်း ကျေးဇူးတင်ပါတယ်လို့ပြောပေးပါအုံး...ကျနော်အရမ်းအိပ်ချင်နေတာမို့ နှုတ်ဆက်ဖို့မေ့သွားလို့ပါ..."

"ကျေးဇူးတင်ရမှာငါတို့ပါ...မင်းကိုထမင်းစားဖိတ်ထားပေမယ့်လည်းအရသာရှိတာချက်ကျွေးတာမင်းပဲလေ..."

နှစ်ယောက်သားဟာတစ်ယောက်နှင့်တစ်ယောက်ပြုံးကာ အကြည့်ချင်းစုံနေလိုက်သည်။

'ခများရဲ့မျက်ဝန်းတွေထဲမှာ အမြဲတမ်းအထီးကျန်ဝမ်းနည်းရိပ်တွေသာမြင်နေရပေမယ့်လည်း ဒီနေ့တော့ ခများရဲ့မျက်ဝန်းတွေဟာတောက်ပီးကြည်လဲ့နေကာအတော်ပင်ပျော်နေတဲ့ပုံကိုတွေ့လိုက်ရတယ်...ဒီအပျော်တွေကရောကျနော်နဲ့ဆက်စပ်နေမလားသိချင်နေမိတယ်ဗျာ...'ရှောင်းကျန့်တွေးလိုက်မိသည်။

'မင်းကငါ့ကို၂ရက်အတွင်းမှာပင် ပြောင်းလဲခဲ့နိုင်တယ် ..အေးစက်နေတဲ့ငါ့ရဲ့နှလုံးသားကိုလည်းနွေးထွေးစေခဲ့တယ်...မင်းနဲ့အတူရှိတဲ့အချိန်တွေဆို ငါပြုံးနေ ပျော်နေမိတယ်.. မင်းနဲ့ပတ်သတ်ပီးငါ့ခံစားချက်တွေကဘာမှန်းမသိပေမယ့် ငါသေချာသိတာကတော့ မင်းကိုလိုအပ်နေတယ်ဆိုတာဘဲ...မင်းရဲ့မျက်နှာပေါ်မှာရှိတဲ့ ဒီအပြုံးလှလှလေးကိုလည်းချစ်တယ်...၂ရက်အတွင်းနဲ့ မင်းရဲ့အပြုံးလှလှလေးကို အရမ်းစွဲလမ်းသွားတာ ငါ့ကိုယ်ငါတောင်မယုံနိုင်သေးဘူး...ပီးတော့ မင်းရဲ့ နှင်း‌ဆီရောင်တောက်နေတဲ့နှုတ်ခမ်းလေးကို ငါ့ရဲ့ ပထမဦးဆုံးအနမ်းပေးလိုက်ရတာကိုလည်း ငါဘယ်တော့မှမေ့မှာမဟုတ်ဘူး...'ရိပေါ်ကလည်းရှောင်းကျန့်နဲ့ပတ်သက်ပီးသူ့ရဲ့ထံစားချက်တွေအားအတွေးပင်လယ်ထဲမှာပင်နယ်ချဲ့နေလိုက်သည်။

"ကျနော်သွားတော့မယ်နော် သခင်လေး...ကျွန်တော်နှုတ်ဆက်ပါတယ်သခင်လေး...."

ပြောပီးရှောင်းကျန့်ဟာ သူ့အခန်းရှိရာဆီသို့‌ေလျှာက်သွားလိုက်သည်။

ရိပေါ်ရဲ့နှလုံးသားဟာရှောင်းကျန့်ထွက်သွားသည်နှင့် နွေးထွေးမှုတွေပေးနေတဲ့အနွေးပျောက်သွားသလိုပင် ချက်ချင်းပင်အေးစက်ကာနာကျင်နေသလို ခံစားလိုက်ရသည်။
"ယုန်စုတ်လေး..ငါ့နဲ့ပဲနေပါ...အခြားသူတွေလို...ငါ့ကိုမထားခဲ့ပါနဲ့.." ရှောင်းကျန့်ထွက်သွားတဲ့ပုံရိပ်အားကြည့်က  ရိပေါ်တစ်ယောက်စိတ်ထဲပင်အော်ဟစ်ကာခေါ်နေလေသည်။

My Mafia Husband  //Yizhan Fanfic (MM Translation)Where stories live. Discover now