Part 10

418 24 0
                                    

တစ်စုံတစ်ယောက်ကတော့ Laptop ထဲကအရာတွေအားလုံးကိုမြင်နေရတယ်။ဓာတ်လှေကားထဲမှာဖြစ်ပျက်နေတဲ့အရာအားလုံးကိုသူတကယ်ပျော်နေပေမယ့်လည်းရှောင်ကျန့်မူးလဲသွားကိုမြင်လိုက်ရတော့ထိတ်လန့်သွားပီး သူ့ရဲ့လက်ထောက်ဘက်ကိုလှည့်ပီး
"ဘာဖြစ်တာလဲ...သူဘာဖြစ်လို့မူးလဲသွားတာလဲ...??"လို့မေးလိုက်တယ်။

လက်ထောက်က"စိတ်လျော့ပါဒေါက်တာဟိုက်ခွမ်း..ဒေါက်တာရှောင်ကျန့်မှာ ..သေးငယ်ပီးမှောင်ပိတ်တဲ့နေရာတွေပတ်သတ်ပီး...စိတ်ပိုင်းဆိုင်ရာပြဿနာရှိနေတာကြောင့်...မူးလဲသွားတာနေမယ်..."

"....."

"ဒါပေမယ့်စိတ်မပူပါနဲ့...အလွန်အကျွံတော့မထိခိုက်စေပါဘူး..."

"...."

"သူနိုးလာတဲ့အခါ အနည်းငယ်ခေါင်းကိုက်နေတာလောက်ပဲဖြစ်မှာပါ..."

"ကောင်းပီလေ...အဲ့တာဆိုငါ့ညီလေးဘာတွေဆက်လုပ်မလဲဆိုတာဆက်စောင့်ကြည့်ကြတာပေါ့..."

"ဒီနေ့တော့ သူအခြားတစ်ယောက်ကိုပြုံးပြနေတာငါတွေ့တယ်..အားးငါ့တော်တယ်မှတ်လား...ငါ့ရဲ့အစီအစဉ်အဆင်ပြေတယ်မှတ်လား..ဟင်းဟင်းး"

"ရိပေါ်ကဒီလောက်မြန်မြန်ကြီးသူ့ရဲ့ပြောင်းလဲမှုတွေကိုထုတ်ပြလိမ့်မယ်လို့မထင်းထားဘူး..."ရှောင်ကျန့်မေ့လဲသွားတဲ့အခါ ဖြစ်ပျက်သွားတဲ့ရိပေါ်ကိုကြည့်ရင်းဟိုက်ခွမ်းတစ်ယောက်သူ့ကိုယ်သူဂုဏ်ယူစွာပင်ပြောလိုက်သည်။

"ကျစ်...!!!အခုပဲဓာတ်လှေကားကိုဖွင့်ပေးလိုက်တော့..."ဟိုက်ခွမ်းဟာရိပေါ်ပါအရမ်းမူးနေတာကိုတွေ့တဲ့အခါ သူ့ရဲ့ လက်ထောက်အားအော်ပြောလိုက်သည်။

✓✓✓✓✓✓✓✓✓✓✓✓✓

ခဏကြာတဲ့အခါ လူအနည်းငယ်ဟာဓာတ်လှေကားထဲသို့ဝင်လာပီး ရိပေါ်နဲ့ရှောင်ကျန့်အားခွဲထုတ်ကာ သယ်ဖို့ကြိုးစားခဲ့ပေမယ့်လည်း ရိပေါ်ဟာရှောင်ကျန့်ရဲ့ ဖက်ထားတာအကြမ်းကိုတင်းကြပ်ကာလွန်းတာကြောင့် ခွဲပီးသယ်ဖို့အတွက်အချိန်တွေကြန့်ကြာသွားလေသည်။မကြာခင်မှာပဲဟိုက်ခွမ်းလည်းအဲ့နေရာကိုရောက်လို့လာခဲ့တယ်။ရိပေါ်နှင့်ရှောင်ကျန့် နှစ်ယောက်စလုံးကိုသီးသန့်အခန်းတွင်ထား ထားလိုက်သည်။နောက် ၄၅မိနစ်လောက်ကြာတဲ့အခါ  သူတို့နှစ်ယောက်လုံးသတိရလာခဲ့လေသည်။

My Mafia Husband  //Yizhan Fanfic (MM Translation)Where stories live. Discover now